ခနကြာသောအခါ ရှိုင်းဆက်သည် သူမတို့ရက်ကွက်ရဲ့လမ်းထိပ်မှာ သူမကိုလာကြိုလိုက်သည်။သူမသည်ရှိုင်းဆက်ကားပေါ်တက်ပြီး ရှိုင်းဆက်ခေါ်ရာလိုက်ခဲ့သည်။ထို့နောက်ရှိုင်းဆက်နှင့်စကားအေးဆေးပြောဖို့ စားသောက်ဆိုင်တစ်နေရာကိုရွေးပြီး လာခဲ့လိုက်၏။စားသောက်ဆိုင်သို့ရောက်သော် ရှိုင်းဆက်ကသူမအတွက် အစားအသောက်တွေကိုမှာလိုက်ပြီးနောက် သူမကိုထိုသို့ပြောလိုက်သည်။
"လရိပ် ကိုယ့်ကို အရေးကြီးပြောစရာရှိလို့ဆို ဘာပြောမှာလဲပြော"
"ဟို လ လရိပ် ကိုရှိုင်းကိုပြောစရာလည်းရှိသလို ၀န်ခံစရာလည်းရှိတယ် ကိုရှိုင်း "
"ကဲ့ ပြောစေဗျာ ကိုယ့်လရိပ်ဘာပြောမလဲပြော"
"ဒါပေမယ့် တစ်ခုတော့ရှိတယ်ကိုရှိုင်း လရိပ်ပြောပြလို့ပြီးရင်၀န်ခံလို့ပြီးသွားရင် လရိပ်ကိုစိတ်မဆိုးဖို့ လရိပ်တောင်းဆိုချင်တယ် ပြီးတော့ မမုန်းသွားဖို့လည်းပါတယ် ကိုရှိုင်း"
လရိပ်ထိုသို့ပြောလိုက်သည်ကြောင့် ရှိုင်းဆက်မျက်ခုံးပင့်သွားသည်။လရိပ်ကဘာပြောမှာမို့ဘာ၀န်ခံမှာမို့ သူ့ကိုအဲ့လိုတောင်းဆိုရတာလဲ အခုလရိပ်ပုံက လေးလေးနက်နက်ဖြစ်နေတဲ့ပုံပင်။
"ပြောပါ လရိပ် ကိုယ်နားထောင်နေပါတယ်"
လရိပ်သည်သူ့ကိုမျက်နှာငယ်နဲ့ကြည့်ပြီးထိုသို့ပြောလိုက်သည်။
"ကိုရှိုင်း တ တကယ်တော့လေ လရိပ်နဲ့ရှိန်းက မောင်နှမအရင်းတွေမဟုတ်ဘူး "
"ဟင်"
လရိပ်စလိုက်သည့်စကားကြောင့် ရှိုင်းဆက်အံ့ဩသွားမိပြီး "ဟင်" လိုရေရွတ်လိုက်မိသည်။ထို့နောက် လရိပ်ထပ်ပြောလာမယ့်စကားကိုသူစောင့်နေလိုက်သည်။
"လရိပ်အမေနဲ့ရှိန်းရဲ့အဖေက လရိပ်တို့၅နှစ်အရွယ်တုန်းကတည်းကယူထားကြတာ လရိပ်နဲ့ရှိန်းက ဘာသွေးသားမှမတော်ဆက်ဘူး ကိုရှိုင်း အခု လရိပ်ကိုရှိန်းနဲ့ မိဘတွေက လက်ထပ်ဖို့စီစဉ်နေကြတယ် လရိပ်ရှိန်နဲ့ လက်မထပ်ချင်ဘူး လရိပ်ရဲ့ဘ၀လက်တွဲဖော်အနေနဲ့ ကိုရှိုင်းကိုဘဲ လရိပ်ရွေးချယ်ချင်တယ်"
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞