ရှိုင်းဆက်တစ်ယောက် လရိပ်ရှိရာသင်တန်းဆီသို့လာခဲ့လိုက်သည်။သူရောက်တော့ လရိပ်တို့သင်တန်းအချိန်က မပြီးသေးဘူးထင်သည်။သူကားထဲမှာ လရိပ်ကိုထိုင်စောင့်နေလိုက်သည်။သူနာရီကြည့်လိုက်တော့မွန်းလွဲ၁နာရီရှိနေပြီးဖြစ်သည်။လရိပ်တို့သင်တန်းက ၃နာရီမှပြီးမည်ဆိုတော့ အချိန်၂နာရီကျန်သေးသည်။သူလရိပ်ကိုတွေ့ဖို့ဆို အချိန်ဘယ်လောက်ကြာကြာသူစောင့်နိုင်သည်။သူင်တန်းအပြင်ဘက်မှာ အကြာကြီးကားပေါ်မှာအိပ်ပြီးစောင့်လိုက်ရသည်။အချိန်အတော်အကြာတွင် ကားပေါ်မှာ သူအိပ်နေတုန်း သူ့လက်ကိုတစ်ယောက်ယောက်ကလာထိပြီး သူ့ကိုနှိုးနေသည်ကိုသူသတိထားမိလိုက်ပြီး မျက်လုံးဖွင့်ပြီးကြည့်လိုက်သည်။သူ့ကြည့်လိုက်တော့ သူအရမ်းချစ်ရတဲ့ လရိပ်ပျိုပင်။
"ကိုရှိုင်း ဒီမှာဘာလုပ်နေတာလဲ"
လရိပ်မေးတာကိုသူပြန်မဖြေဘဲ ကားေပါ်ကနေအမြန်ဆင်းလာပြီး လရိပ်ကိုအလွမ်းပြေဖက်လိုက်သည်။
လရိပ်ကလည်းရှိုင်းဆက် သူမကိုဖက်လိုက်သည်ကြောင့် အလိုက်သင့်ပြန်ဖက်လိုက်မိသည်။
သူသည်လရိပ်ကိုအလွမ်းပြေဖက်ပြီးပြန်လွှတ်လိုက်ပြီး လရိပ်ကိုမြတ်နိုးစွာကြည့်လိုက်သည်။"လရိပ် မနေ့က ကိုယ်ဖုန်းဆက်တာ ဘာလို့မကိုင်တာလဲ ကိုယ်လရိပ်ကိုအရမ်းလွမ်းနေတာ စိတ်လည်းပူတယ် လရိပ်အဆင်ပြေရဲ့လား"
" ပြေ ပြေပါတယ် ကိုရှိုင်းရဲ့ မနေ့က လရိပ်ဖုန်း Battery downသွားလို့ပါ ကိုရှိုင်း စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်နော်"
သူမရှိုင်းဆက်ကို လိမ်ပြောလိုက်ရသည်။သူမအခုဖြစ်ပျက်နေတာတွေကိုရှိုင်းဆက်ကိုသူမမသိစေချင်ပါ။ရှိုင်းဆက်သာအဖြစ်မှန်ကိုသိသွားရင် သူမကိုထားခဲ့လိမ့်မည်။သူမရှိုင်းဆက်နဲ့မခွဲချင်ပါ။သူမရှိုင်းဆက်ကို အဖြစ်မှန်ပြောပြဖို့ အဆင့်သင့်မဖြစ်သေးပါ။သူမစဉ်းစားနေချိန် သူမတို့ဆီကို မြင့်မိုရ်ရောက်လာခဲ့သည်။
"လရိပ် နင်မပြန်သေးဘူးလား... အော် ကိုရှိုင်းဆက်လည်းရောက်နေတာကို"
"မြင့်မိုရ် လရိပ်ကိုကျွန်တော်တစ်ချက်ခေါ်သွားမယ်နော်"
"ဟုတ်ကဲ့ ရပါတယ် ကိုရှိုင်းဆက် လရိပ်ကိုခေါ်သွားပြီးရင် အိမ်ကိုပို့ပေးလိုက်ပါနော်"
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞