(Uni)
မနက်ရောက်တော့ လရိပ်ပျိုသည်သူမ ၏မျက်လုံးကိုအားစိုက်၍ဖွင့်လိုက်ပြီး မျက်နှာကျက်ကိုကြည့်လိုက်မိသည်။ထိုမျက်နှာကျက်က သူမတို့အိမ်ကမျက်နှာကျက်မဟုတ်မှန်းတန်းကိုချက်ချင်းတန်းသိလိုက်သည်။ထိုအခါသူမ၏လက်ကိုတစ်ယောက်ယောက်ကဆုပ်ကိုင်ထားသည်ကိုခံစားမိလိုက်သည်။သူမအဲဒီကိုင်ထားတဲ့လူကြည့်လိုက်တော့ရှိန်းဖြစ်နေသည်။သူမအားယူ၍ထလိုက်ပြီးရှိန်းကိုခေါ်လိုက်သည်။
"ရှိန်း ရှိန်း ရှိန်း"
သူမလှုပ်ခေါ်လိုက်သောကြောင့်ရှိန်းနိုးသွားသည်။ရှိန်းကနိုးလာပြီးသူမကိုစိုးရိမ်စွာကြည့်လိုက်သည်။
" လ လရိပ် နင်နိုးလာပြီးလား ဟူး တော်သေးတယ်"
"ရှိန်း အခု ငါဆေးရုံရောက်နေတာလား "
"ဟုတ်တယ် လရိပ် နင်မနေ့ညက ဗိုက်အရမ်းအောင့်ပြီး သတိမေ့သွားလို့ငါဆေးရုံခေါ်လာလိုက်တာ နင်အခုဘယ်လိုနေသေးလဲ သက်သာလား"
သူမလှုပ်လိုက်တော့ သူမဗိုက်ကရုတ်တရတ်နာသွားသည်။
"အာ့ "
"လရိပ် နင်မလှုပ်လိုက်နဲ့ ချုပ်ရိုးပြေသွားမယ် နင်ဗိုက်ကမနေ့ညကဘဲ ခွဲစိတ်ထားရတာ"
"ဘာ ငါ ငါခွဲစိတ်ခံထားရတယ်ဟုတ်လား"
"ဟုတ်တယ် နင်ကဟိုဟာ လေ "
ရှိန်းကပြောမထွက်သဖြင့်ခေါင်းကုတ်လိုက်သည်။သူမကရှိန်းဘာကိုပြောချင်လဲဆိုတာသိပါသည်။
"ဟို နင် အဲ နင်အဲဒါဖြစ်နေတုန်းမှာ နင်ကအစပ်စားမိတာရယ် Alcoholပါတဲ့အရာတွေသောက်မိတာရယ် အဲဒါတွေကြောင့် နင့်ဗိုက်က အူသွေးယိုပြီးခွဲစိတ်လိုက်ရတာ ဟူး"
ရှိန်းသည်ထိုအကြောင်းတွေကိုပြောနေရင်းချွေးပျံလာသည်။သူသည်မိန်းမတွေအများကြီးနဲ့ပက်သက်ဖူးပေမယ့် မိန်းမတွေဖြစ်တဲ့ရောဂါအကြောင်းတွေသူသိပ်မသိပါ။သူကလရိပ်ကလွဲပြီးဘာကိုမှစိတ်မ၀င်စားတော့ အဲ့အကြောင်းတွေမလေ့လာထားပါ။
"ရှိန်း "
"ဟင် ပြောလေ လရိပ်"
"အဖေနဲ့အမေရော "
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞