Part 24

5.9K 91 0
                                    

(Uni)

မနက်မိုးလင်းတော့အခါ လရိပ်ပျိုသည် အစောကြီးနိုးနေခဲ့သည်။သူမနိုး တော့ သူမ၏ အနားမှာ ရှိန်းကသူမလက်ကိုဆုပ်ကိုင်ပြီး အိပ်နေသည်။သူမသည်ရှိန်းကိုကြည့်ပြီးပြုံးလိုက်မိသည်။အခုမှသူမက ရှိန်းရဲ့ရုပ်ရည်သွင်ပြင်ကိုသေသေချာချာကြည့်မိသည်။ရှိန်းနှင့်သူမအနီးကပ်နေခဲ့ပေမယ့် လည်းရှိန်း၏ ရုပ်ရည်က ဘယ်လိုပုံဖြစ်တယ် ရှိန်းရဲ့ခန္ဓာကိုယ်က ဘယ်လ်ုအချိုးအစားလဲဆိုတာသူမသေချာမကြည့်မိခဲ့ပါ။အခုရှိန်းရဲ့မျက်နှာအချိုးအစားက လေးထောင့်ဆန်ပြီးနှာတံလည်းချွန်သည် ဆွဲဆောင်မှုရှိပြီးနီရဲစိုစွတ်‌နေသည့် နှုတ်ခမ်းကိုပိုင်‌ဆိုင်ထားပြီး မျက်နှာမှာဘာအပြစ်အနာအ‌ဆာမှမရှိပေ။ထိုအခါ သူမသည်ရှိန်း၏ ပါးကိုရုတ်တရတ်ထိကိုင်ချင်စိတ်ပေါ်လာတော့ကြောင့် သူမရဲ့လက်ညှိုးတစ်ချောင်းကိုရှိန်းရဲ့ပါးကိုထိရန်လှမ်းလိုက်သည်။သူမထိဖို့လက်လှမ်းနေစဉ် ရှိန်း၏ မျက်မှောင်က ရုတ်တရတ်ကြုံ့လာပြီး ရှိန်း၏ ကိုယ်ကလှုပ်လာသည့်တစ်ပြိုင်နက် သူမလက်ကိုအမြန်ဆုံးရုတ်၍ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။

"ရှိန်းကနိုးနေတာလား ငါသူ့ပါးကိုထိဖို့ကြိုးစားနေတာကို သူမသိပါဘူးနော်  ဟူးး"

သူမသညါရှိန်းရဲ့ပါးကိုထိနေတာ ရှိန်းသိသွားမှာစိုးလို့ကြောင့် သူမကိုယ့်လုပ်ရပ်ကိုယ်ရှက်ပြီး ကိုယ့်ကိုယ်ကိုစိတ်ထဲမှာမေးနေလိုက်သည်။

သူမအိပ်ချင်ယောင်ဆောင်နေစဉ် သူမနှာဖူးပြင်ကရုတ်တရတ်နူးညံ့စိုစွတ်‌တဲ့အထိအတွေ့ကိုရုတ်တရတ်ခံစားလိုက်သည်။သူမဒီခံစားမှုကို ရင်ခုန်စွာနဲ့သိချင်သော်လည်း သူမရဲ့မျက်လုံးကိုမဖွင့်ရဲဘဲအတင်းပိတ်ပြီး အံကြိတ်ထားရသည်။

"လရိပ် နင့်ကိုငါအရမ်းချစ်တယ် မွ ကိုယ့်အချစ်စ်လေး မွ မွ မွ မွ"

ရှိန်းက သူမကိုထိုသို့ပြောပြီးသည်နှင့်  သူမရဲ့တစ်မျက်နှာလုံးကို အဘွားတွေ ဆက်တိုက်‌ ပေးနေသည်ကိုသူမခံစားလိုက်မိသည်။သူမသည်ခနကထက်ပိုပြီး ရင်ခုန်လာပြီး  သူမနိုးနေတာကိုရှိန်းသိသွားမှာစိုးသောကြောင့်  အံကိုကြိတ်ပြီး လက်သီးကိုတင်းတင်းဆုပ်ထားသည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now