(Uni)
လရိပ်သည် သင်တန်းပိတ်ရက်မှာ မြင့်မိုရ်နှင့် တွေ့ပြီး စကားတွေပြောချင်တော့ကြောင့် ရှိန်းကို မြင့်မိုရ်အိမ်သို့ လိုက်ပို့ခိုင်းလိုက်သည်။ရှိန်းက သူမကိုမြင့်မိုရ်အိမ်သို့လိုက်ပို့ပေးပြီး ကုမ္ပဏီသို့ တန်းသွားမှာ ဖြစ်သည်။
"လရိပ် ကိုယ်အလုပ်သွားတော့မယ်နော် အိမ်ပြန်ရင်ကိုယ့်ကိုဖုန်းဆက်လိုက်နော်"
"အင်းပါ ရှိန်းရဲ့ လရိပ်ကိုစိတ်မပူပါနဲ့ အလုပ်ကိုသာ ဖြောင့်ဖြောင့်သွား ဟုတ်ပြီးလား"
"အင်း ဒါနဲ့ လရိပ် ကိုယ်အလုပ်မသွားခင် ဒါလေး"
ရှိန်းကို သူ့နှုတ်ခမ်းကို စူပြလိုက်ပြီး သူမကိုနမ်းစေသည်။သူမက ရှိန်းလုပ်ရပ်ကြောင့် ရှက်လာပြီး မျက်နှာ နီရဲလာသည်။
ရှိန်းက သူမရဲ့ ရှက်နေတဲ့ပုံစံကိုကြည့်၍ အသဲယားလာသည်။"ရှိန်း သူ သူများတွေမြင်ကုန်မယ်လေ"
"အာ မမြင်ပါဘူး လရိပ်ကလည်း ကားထဲမှာဘဲဥစ္စာ ပြီးတော့ ကိုယ့်ကားက မှန်အမည်းလေ ဘယ်သူမှမမြင်ပါဘူး အဲဒါကြောင့် လရိပ်နဲ့ကိုယ် ဒီကားထဲမှာ ဘာဘဲ လုပ်လုပ် ဘယ်သူမှမြင်မှာမဟုတ်ဘူး အဟွန့်"
"ရှိန်း ရှိန်း နော် ဘာတွေပြောနေတာလဲ လရိပ်ရှက်လာပြီး လရိပ် သွား သွားတော့မယ်"
"နေဦး "
"ဟင် အွန့် အွန့် "
သူမကားပေါ်ကဆင်းဖို့အတွက် ကားတံခါးဖွင့်ဖို့ ပြင်နေတုန်းမှာ ရှိန်းက သူမလက်ကိုဆွဲပြီး သူမနှုတ်ခမ်းကို ဖိကပ်နမ်းလိုက်သည်။
ရှိန်းက သူမပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်နှင့် ကိုင်ထားပြီး သူမနှုတ်ခမ်းကိုအတန်ကြာအောင်နမ်းနေမိသည်။
လရိပ်ကလည်း ကိုယ်ချစ်ရတဲ့ သူက နမ်းနေတာကြောင့် ရင်ခုန်စွာနဲ့ ရှိန်းရဲ့ အကျီကိုဆုပ်ကိုင်ထားပြီး ငြိမ်ခံနေမိသည်။
ရှိန်းက သူ့ကားထဲမှာ သူမကိုအတန်ကြာနမ်းပြီးမှ လွှတ်ပေးလိုက်သည်။
သူမကလည်း ရှိန်းလွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ခနက ရှိန်းနမ်းထားရင်း သူမရဲ့အောင့်ထားတဲ့အသက်တွေကို၀အောင်ရှူပစ်လိုက်သည်။
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞