(Uni)
လရိပ်တစ်ယောက်မြင့်မိုရ်ကိုရက်ကွက်ကလမ်းထိပ်မှာစောင့်နေသည်။ခနအကြာမှာ မြင့်မိုရ်သည် တက္ကစီ စီးလာပြီး သူမဆီကိုရောက်လာခဲ့သည်။မြင့်မိုရ်က ကားဆရာကို ကားခအမြန်ပေးပြီး သူမဆီလျှောက်လာခဲ့သည်။သူမဆီကို မြင့်မိုရ်ရောက်လာသည်နှင့် သူမသည်မြင့်မိုရ်ကိုအားကိုးတကြီးနှင့်ဖက်လိုက်သည်။
"လရိပ် နင်ဘာဖြစ်တာလဲ ဘာလို့ငိုတာလဲ ဘာပြသနာဖြစ်ထားလို့လဲ ငါ့ကိုပြောပါဦး"
"ငါတို့တစ်နေရာရာသွားရအောင် မြင့်မိုရ် ငါနင့်ကိုအားလုံးရှင်းပြမယ်"
ထိုအချိန်တွင်မြင့်မိုရ်နှင့်သူမသည် စားသောက်ဆိုင်တစ်နေရာရာကိုရွေးပြီးကားဌားပြီး သွားလိုက်သည်။သူမတို့ အဲ့စားသောက်ဆိုင်ဆီရောက်တော့ မြင့်မိုရ်က သူမအတွက်အစားအသောက်မှာပေးလိုက်သည်။
"ကဲ့ပြောပါဦး လရိပ် နင်ပြသနာဖြစ်ထားတာလဲ"
မြင့်မိုရ်စကားစလိုက်တော့အခါ လရိပ်သည်မျက်ရည်ဝဲတက်လာပြီးမြင့်မိုရ်ကိုအကြောင်းစုံပြောပြလိုက်သည်။မြင့်မိုရ်က သူမပြောပြတာတွေကိုတအံ့တဩနဲ့ပါးစပ်ဟပြီးနားထောင်နေသည်။
"ချီး ဒါဆိုနင်က နင့်မောင် မဟုတ်ဘူး နင့်ရဲ့ဘာမှမတော်ဆက်တဲ့ မောင်က နင့်ကို စားလိုက်တယ်ပေါ့ ဟုတ်လား"
လရိပ်သည် မြင့်မိုရ်ကိုအားလုံးပြောပြလိုက်သည်နှင့် မြင့်မိုရ်ကတအံ့တသြနဲ့မျက်မှောင်ကြုံ့ပြီး သူမကိုပြန်မေးလိုက်သည်။သူမကလည်းမြင့်မိုရ်ကိုပြောပြနေရင်း ၀မ်းနည်းသောကြောင့်မျက်ရည်တွေတရစပ်ကျလာခဲ့သည်။
"နင်က အခုအပျိုမဟုတ်တော့ဘူးပေါ့ လရိပ် နင်ကိုရှိုင်းဆက်ကိုဘယ်လိုလုပ်မလဲ နင်ကိုရှိုင်းကို အကြောင်းစုံပြောပြမှာလား"
မြင့်မိုရ်ကသူမကိုထိုသို့မေးလိုက်တော့ သူမသိမ်ငယ်စိတ်၀င်သွားမိသည်။သူမသည်ရှိုင်းဆက်နဲ့မခွဲချင်ပါ သူမသာ အပျိုမဟုတ်တော့မှန်းသိသွားရင် ရှိုင်းဆက်က သူမကိုဆက်ချစ်မှာမဟုတ်တော့ပေ။
"ငါမပြောပြချင်ဘူး မြင့်မိုရ် ငါကိုရှိုင်းကိုချစ်တယ် ကိုရှိုင်းသာ အဖြစ်မှန်တွေသိသွားရင်ငါ့ကိုထားသွားမှာ မြင့်မိုရ် ငါကိုရှိုင်းကိုမခွဲနိုင်ဘူး "
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞