(Uni)
လရိပ်တစ်ယောက် ဆေးရုံကဆင်းဖို့ အထုပ်ပြင်နေသည်။ရှိန်းက ဆေးရုံကောင်တာမှာသူမအတွက်ဆေးရုံစရိတ်ရှင်းပေးနေသည်။သူမက အထုပ်အပိုးတွေသိမ်းပြီး အောက်ထပ်သို့ဆင်းလိုက်သည်။
"ရှိန်း ပြန်ရအောင် "
ရှိန်းက သူမခေါ်လိုက်သည်ကြောင့် သူမဆီလာ၍သူမလက်ထဲကအထုပ်ကို သူ့လက်ထဲသို့လွှဲယူလိုက်သည် ။ထို့နောက် ကားဆီကိုသွားပြီး ကားတံခါးကိုဖွင့်၍ သူမကို၀င်ထိုင်စေသည်။ရှိန်းက ကားမောင်းသူနေရာမှာထိုင်လိုက်ပြီး ကားမောင်းထွက်လိုက်သည်။ရှိန်းကကားမောင်းနေရင်း သူမကိုထိုသို့ပြောလိုက်သည်။
"လရိပ် ဒီနေ့နင်အိမ်မပြန်နဲ့တော့ "
"ဟင် ဘာဖြစ်လို့လဲ"
"အိမ်မှာ ဘယ်သူမှမရှိတာ နင်တစ်ယောက်တည်းပျင်းနေမှာပေါ့ ငါနဲ့ကုမ္ပဏီလိုက်ခဲ့ နင် ငါတို့ကုမ္ပဏီကိုတစ်ခါမှမရောက်ဖူးဘူး မဟုတ်လား လာဖူးသွားတယ်ရှိရအောင် တစ်ခါလောက်ငါနဲ့လိုက်ခဲ့ပါလား လရိပ်"
ဟုတ်ပါသည်။သူမရှိန်းတို့ကုမ္ပဏီကို သူမဘယ်တုန်းကမှမရောက်ဖူးပါ။ရှိန်းတို့ကုမ္ပဏီက နာမည်ကြီးသည်ဆိုတာသူမသိသည်။သို့ပေမယ့် သူမတစ်ခါမှမရောက်ဖူးပါ။ရှိန်းပြောသလိုဘဲ ရောက်ဖူးသွားသည်ရှိအောင် သူမသွားရမည်။
"အင်း နင်ပြောတာမှန်တယ် ရှိန်း အိမ်မှာငါတစ်ယောက်တည်းဆိုငါပျင်းနေမယ် နင်တို့ကုမ္ပဏီကိုငါလိုက်ခဲ့မယ်"
ရှိန်းသည် သူမပြောသည်ကို ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ကားကိုကုမ္ပဏီသို့ မောင်းလိုက်သည်။ကုမ္ပဏီသို့ရောက်တော့ ရှိန်းကသူမကိုကုမ္ပဏီကနေရာတွေလိုက်ပြပေးသည်။သူမကတော့ကြည့်လို့၀သွားပြီးနောက် ရှိန်းတို့ကုမ္ပဏီမှာရှိတဲ့ ဧည့်ခန်းမှာထိုင်လိုက်သည်။
"လရိပ် နင်ကြည့်လို့၀ပြီးလား "
"အင်း ရှိန်း နင်တို့ကုမ္ပဏီမှာ ရှုခင်းလှတဲ့နေရာတွေမရှိဘူးလား ငါလျှောက်ကြည့်ချင်တယ် "
"ရှိတယ် လရိပ် ငါတို့ကုမ္ပဏီအပြင်မှာ ပန်ခြံရှိတယ် အဲ့နားမှာရေကူးကန်လည်းရှိတယ် နင်လျှောက်ကြည့်မလား ငါလိုက်ပို့ပေးမယ်"
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞