(Uni)
ရှိန်း သည် မိဘတွေနဲ့စကားပြောပြီးနောက်အပေါ်ထပ်ကိုတက်လာခဲ့သည်။ခနကလရိပ်သူ့ရှေ့မှာတင်အရိုက်ခံခဲ့ရတာ သူ့မှာ၀င်မတားရဲဘဲ ဒီအတိုင်းကြည့်နေခဲ့ရသည်။သူ့လရိပ်ကိုစိုးရိမ်မိပြီး သူ့လရိပ်ဆီအခန်းဆီလာခဲ့သည်။သူတံခါးကိုဖွင့်ကြည့်တော့ အထဲကLockချသည်ထင်သည်။သူတံခါးဖွင့်မရဘဲ လရိပ်ကိုခေါ်ကြည့်လိုက်သည်။
"လရိပ် လရိပ် တံခါးဖွင့် လရိပ် ငါပြောတာကြားလား တံခါးဖွင့် "
အထဲကဘာအသံမှမကြားရပါ။သူ့လရိပ်ကအိပ်နေတာလား။သူသေချာရေရေရာရာမသိဘဲ သူထွက်မသွားနိုင်သေးဘဲ တံခါးကိုထုပြီး လရိပ်ကိုထပ်ခေါ်လိုက်သည်။
"လရိပ် တံခါးဖွင့်ဟာ နင်မဖွင့်ပေးရင် ငါအဖေ့ဆီက သော့အပိုတောင်းပြီး ၀င်လာမှာနော် မလုပ်ရဲဘူးမထင်နဲ့ လရိပ် တံခါးဖွင့် ငါပြောတာကြားလား"
"မ၀င်လာနဲ့ အရူးကောင် "
သူခြိမ်းခြောက်လိုက်တော့မှ အထဲကသူ့လရိပ်သူ့ကိုအော်ငေါက်တဲ့အသံကိုကြားလိုက်သည်။
"နင်အထဲမှာဘာလုပ်နေတာလဲ လရိပ် တံခါးလာဖွင့် စကားပြောရအောင် တံခါးဖွင့်"
"မဖွင့်ဘူး မပြောဘူး ငါ့အခန်းရှေ့ကထွက်သွား နင့်မျက်နှာကိုငါမမြင်ချင်ဘူး အရူးကောင်"
"မသွားဘူး နင်မဖွင့်မပေးမချင်း ငါမသွားဘူး လရိပ်"
"ရှိန်း အရူးကောင် ထွက်သွား ငါတစ်ယောက်တည်းနေပါရစေ ငါ့ကိုလာမရှုပ်ကြပါနဲ့ ငါတစ်ယောက်တည်းနေပါရစေ အီး ဟီးးး"
အခန်းထဲက သူ့လရိပ်မှာ သူ့ကိုအော်ပြောနေရင်း ငိုသံပါလာသည်ကြောင့် သူလန့်သွားသည်။
"လရိပ် နင်ငိုနေတာလား "
"ငါငိုငိုမငိုငို နင်နဲ့မဆိုင်ဘူး ငါ့အခန်းရှေ့ကထွက်သွား လူယုတ်မာကောင်ရဲ့ အီး ဟီးး"
သူ့လရိပ်ငိုသံသည် ဒီထက်ပိုကျယ်လာသည်ကြောင့် သူပျာယာခတ်သွားသည်။သူ့လရိပ်ကိုစိတ်ပူသွားမိပြီး သူ့လရိပ်ကို၀င်ကြည့်ရန် သူသော့အပိုကိုယူရန်အောက်သို့ဆင်းသွားလိုက်သည်။သူ့အဖေဆီကနေ သော့ယူပြီး အပေါ်ထပ်ပြန်တက်လာခဲ့သည်။သူ့လရိပ်အခန်းဆီကိုလာပြီး တံခါးသော့မြန်မြန်ဖွင့်လိုက်သည်။သူသော့ဖွင့်ပြီး တံခါးဖွင့်လိုက်တဲ့ အချိန်မှာတော့ သူ့လရိပ်က ငိုနေရင်းလက်ဆွဲအိတ်သေတ္တာထဲကို အ၀တ်အစားတွေထိုးထည့်နေသည်။သူမျက်လုံးပြူးသွားပြီး လရိပ်အခန်းဆီကိုပြေး၀င်သွားသည်။
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞