(Uni)
ညနေလောက်ရောက်တော့ သူမက ရှိန်းကို သူမအားလာကြိုရန် မြင့်မိုရ်၏အိမ်မှာ မြင့်မိုရ်နှင့် စကားစမည်တွေပြောပြီး စောင့်နေခဲ့သည်။
"မြင့်မိုရ် ငါမပြန်ခင် နင့်ကိုကြိုပြောထားမယ်နော် မနက်ဖြန်ကျရင် နင်လှလှလေးပြင်ပြီး အိမ်မှာစောင့်နေနော် ငါနဲ့ ရှိန်းနဲ့ နင့်ကိုလာကြိုမယ် ဟုတ်ပြီးလား "
"အေးပါဟာ ငါသိပါပြီး အမတော်ရဲ့ သဘောအတိုင်းပါ"
"အဟိ"
မြင့်မိုရ်နှင့်သူမက တစ်ယောက်ကိုတစ်ယောက် စကားပြောပြီး စကားပြောနေရင်း ...
"တီ တီ တီ"
"ဟော ရှင့် အချစ်တော်ရောက်လာပြီး "
"အင်း ငါသွားတော့မယ်နော် မြင့်မိုရ်"
"အေးအေး"
သူမက မြင့်မိုရ်ကို ပြုံး၍ နှုတ်ဆက်လိုက်ပြီး ရှိန်းရှိရာဆီသို့ပြေးလာခဲ့သည်။
ရှိန်းက ကားအပြင်ဘက်မှာ သူမကိုရပ်ပြီးပြုံး၍စောင့်နေသည်။သူမကလည်း ရှိန်းကို ပြုံးပြလိုက်ပြီး ရှိန်းကိုအလွမ်းပြေဖက်လိုက်သည်။
ရှိန်းကလည်း သူမသူ့ကို မဖက်စဖူးဖက်နေသည်ကြောင့် ကြောင်သွားမိ၍.."ဟော လရိပ် ဘယ်လိုဖြစ်တာလဲ ကိုယ့်ကိုမဖက်စဖူးဖက်လို့ပါလား"
လရိပ်က သူ့ကို ပို၍တင်းကျပ်စွာဖက်လိုက်ပြီး ...
"ချစ်လို့ဖက်တာဘာဖြစ်လဲ "
"အဟက် "
လရိပ်က သူ့ကိုဖက်ထားတာလွှတ်လိုက်၍ သူ့ကိုမော့ကြည့်လိုက်သည်။
"ဘာရယ်တာလဲ"
"မဟုတ်ပါဘူး လရိပ် ကိုယ်က လရိပ်ကိုယ့်ကိုဖက်တာ ပျော်သွားမိလို့ပါ လရိပ်က ကိုယ့်ကိုဒီလိုမျိုးဘယ်တုန်းကမှ စပြီးဖက်ဖူးတာမှမဟုတ်တာ အရင်တုန်းကဆို ကိုယ်လရိပ်ကိုဖက်တိုင်း လရိပ်က မကြိုက်ဘဲအတင်းရုန်းတယ်လေ ကိုယ်လရိပ်အသားကိုထိလည်း လရိပ်က မကြိုက်ဘူး အဲ့တုန်းကဆို ကိုယ်အရမ်းခံစားခဲ့ရတာ ပြီးတော့...
"ရှူး"
ရှိန်းနောက်ထပ်စကားမဆက်စေရန် သူမက ရှိန်းနှုတ်ခမ်းကို လက်ညှိုးနှင့်ထောက်ပြီး ပိတ်လိုက်သည်။
သူမကရှိန်းလက်ကိုကိုင်လိုက်ပြီး ရှိန်းကိုမော့ကြည်၍ ထိုသို့ပြောလိုက်သည်။
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞