"ကျစ်"
ဆရာ၀န်က ရှိန်း၏ဒဏ်ရာကိုဆေးထည့်ပေးနေရင်း ရှိန်းကနာတော့ကြောင့် ကျစ်သတ်လိုက်ခြင်းဖြစ်သည်။
ဆရာ၀န်က ရှိန်းကိုဆေးရုံရောက်ရောက်ချင်းသူ့လက်မောင်းထဲက ကျည်ကိုထုတ်ပေးပြီး ဆေးထည့်နေခြင်းဖြစ်သည်။လရိပ်ကလည်း ဆရာ၀န်က ရှိန်းကိုဆေးကုပေးနေရင်း ရှိန်းဘေးနားမှာ ရပ်ပြီး အရိပ်တကြည့်ကြည့်စောင့်နေလိုက်သည်။
မင်းပိုင်နှင့်မြင့်မိုရ်ကတော့ ဆေးရုံအခန်းကအပြင်မှာ ဘာစကားမှမပြောဘဲ တိတ်ဆိတ်စွာဖြင့် ရှိန်းနှင့်လရိပ်ကိုစောင့်နေလိုက်သည်။သို့ပေမယ့် မြင့်မိုရ်သည် ဤ အကြာကြီးတိတ်ဆိတ်နေသည့်အခြေအနေကိုလုံး၀သည်းမခံတော့ဘဲ စကားများသူပီပီ.."အဟမ်း"
မင်းပိုင်ကိုသူမက စကားစပြောရန်ချောင်းတစ်ချက်ဟန့်လိုက်သည်။
"ဟို ဒီ ဒီမှာ"
"ဟင်"
သူမခေါ်လိုက်တော့ မင်းပိုင်က သူမကိုကြည့်လာခဲ့သည်။
"ဘာလဲ ဒေါ်မြင့်မိုရ်"
မင်းပိုင်ခေါ်လိုက်သည့်အခေါ်အဝေါ်ကြောင့်မနှစ်သက်စွာဖြင့် သူမမျက်မှောင်ကြုံ့ပစ်လိုက်သည်။
"ဒီမှာ ရှင့်အသက်ဘယ်လောက်လဲ"
"ဟင်"
"ရှင့်အသက်ဘယ်လောက်လဲလို့"
"၂၀"
"ဟိုက် ငယ်ငယ်လေး ရှိသေးတာဘဲ အဲဒါတောင်ငါ့ကိုခေါ်တာဒေါ်မြင့်မိုရ်တဲ့ သူလုပ်တာနဲ့ ငါတောင် အဘွားကြီးဖြစ်လို့"
သူမစိတ်ထဲမှာ မင်းပိုင်ကို မကျေမနပ်ဖြင့် ကျိန်းနေလိုက်သည်။ထိုစဉ်...
"ဘာလုပ်ဖို့ ငါ့အသက်ကိုသိချင်တာလဲ ဒေါ်မြင့်မိုရ်"
"ဒီမှာ ရှင် ရှင်အဲဒီကျွန်မကိုဒေါ်တပ်ပြီးခေါ်နေတာရပ်လိုက်တော့ ကျွန်မကရှင့်ထက်၂နှစ်ဘဲကြီးတာ ရှင်လုပ်တာနဲ့ မဟုတ်ရင် ကျွန်မက အသက်၄၀ကျော်အဘွားကြီးဖြစ်နေဦးမယ် နောက်ဆို ကျွန်မကို မြင့်မိုရ်လို့ဘဲခေါ်"
"မခေါ်ပါဘူး"
"ဘာ"
"ငါမင်းကို ဒေါ်မြင့်မိုရ်လို့ဘဲခေါ်ချင်တယ် မင်းနဲ့ အဲဒီနာမည်နဲ့အရမ်းလိုက်တယ် အဟွန့်"
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞