(Uni)
ရှိန်းတစ်ယောက် မိုးလင်းလာတော့အခါ အစောကြီးနိုးနေခဲ့သည်။သူသည် မနေ့ညကဆေးအရှိန်ကြောင့် ခေါင်းရော ကိုယ်ရောကိုက်နေသည်။သူတစ်ချက်ထလိုက်ပြီး သူ့ဘေးက သူ့ရဲ့ ချစ်ရသူကိုတစ်ချက်ကြည့်လိုက်သည်။သူညကတော်တော်ကြမ်းသွားခဲ့သည်ထင်သည်။လရိပ်ကတော့ သူ့ကိုကျောပေး၍ ကွေးကွေးလေးအိပ်နေသည်။သူညကအဖြစ်အပျက်တွေအားလုံးကိုမှတ်မိပါသည်။သူလိင်စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ပါ။သူစိတ်မထိန်းနိုင်ခဲ့၍ လရိပ်ရဲ့ဘ၀ကိုသူယူခဲ့မိသည်။ထိုအတွက် သူလရိပ်ကိုသူတာ၀န်ယူဖို့ သူဆုံးဖြတ်လိုက်ပြီးဖြစ်သည်။သူသည်လရိပ်ကိုမြတ်နိုးစွာတစ်ချက်ကြည့်လိုက်ပြီး သူမအနားသို့တိုးသွားလိုက်သည်။သူသည်သူမ ၏အ၀တ်မဲ့နေသည့် ကျောပြင်ကိုနမ်းလိုက်ပြီး သူမကိုယ်တစ်ချက်တွန့်သွားသည်ကိုသတိထားမိလိုက်သည်။သူမနိုးနေသည်ကို သူချက်ချင်းသိသွားသည်။
"လရိပ် နင်နိုးနေတာလား Sorryဟာ ငါညက စိတ်မထိန်းနိုင်လို့ နင့်အပေါ်အသားယူလိုက်မိတာပါ အဲ့ဒီအတွက် နင့်ကိုငါ တာ၀န်ယူမှာပါ"
လရိပ် ကထထိုင်လိုက်ပြီး သူ့ကိုနာကျည်းစွာကြည့်လိုက်သည်။ညက သူမမကြည်ဖြူဘဲ သူမဘ၀ကိုခြွေယူခဲ့တော့ ရှိန်းကို သူမနာကျည်းပြီး မုန်းသွားမိသည်။သူမ၏အပျိုစင်ဘ၀ကို ရှိုင်းဆက်ကိုဘဲ ပေးဖို့ ရည်ရွယ်ထားခဲ့သည်။အခု သူမအတူတူကြီးပြင်းခဲ့တဲ့သူလည်းဖြစ် သူ့မမောင်လို့မှတ်ယူခဲ့တဲ့ ရှိန်းက သူမဘ၀ကို ခြွေခဲ့သည်။ထိုအတွက် သူမပြောမပြတတ်အောင် ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်ပစ်ချင်စိတ်တောင်ပေါ်လာသည်။အခု သူမက ရှိုင်းဆက်အတွက် မသန့်ရှင်းတဲ့ ချစ်သူဖြစ်ခဲ့ရပြီး။ရှိန်းကတော့ သူမကို ပြုံးပြီး စိုက်ကြည့်နေသည်။သူမကတော့ ရှိန်းရဲ့အခုလိုအပြုံးကိုမုန်းမိသည်။
"နင် တော်တော်ယုတ်မာတဲ့ကောင်ဘဲ ရှိန်း နင့်နှာထတာ ကိုယ့်အမကိုတောင်အလွတ်မပေးဘူး နင့်လောက်ယုတ်မာတာငါမတွေ့ဖူးဘူး နင်ကိုငါအရမ်းရွံတယ် အရမ်းမုန်းတယ် သေလောက်အောင်မုန်းတယ် လူယုတ်မာကောင်"
ရှိန်းသည်သူမကသူ့ကို ဒီလိုပြောလိုက်သည်ကြောင့် ရင်ထဲမှာနာကျင်သွားမိသည်။
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞