(Uni)
လရိပ်သည် သူမ သင်တန်းမှာ သင်တန်းဆရာမပြောတာကို စိတ်ထဲမရောက်ဘဲ မနက်ကမြင့်မိုရ်ပြောတဲ့စကားတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်နေလိုက်သည်။
"ငါက ရှိန်းကိုချစ်မိနေတာတဲ့လား မဖြစ်နိုင်တာ ဒါဆို ရှိုင်းဆက်ကရော ရှိုင်းဆက်ကို ငါက ချစ်တယ်ထင်လို့တွဲခဲ့တာလေ ငါကဘာဖြစ်လို့ ရှိုင်းဆက်အပေါ်ရင်မခုန်ဘဲ ရှိန်းကိုတွေ့တိုင်း ရင်ခုန်နေရတာလဲ ငါဘာဖြစ်နေတာလဲ မြင့်မိုရ်ပြောသလို ငါက ရှိန်းအပေါ်တကယ်ချစ်မိနေတာများလား ငါက ရှိန်းကိုချစ် မိနေတယ် ဟုတ်လား ဟင်း ငါဘာလို့ဒီလိုဖြစ်သွားရတာလဲ မြင့်မိုရ်ပြောသလို ရှိုင်းဆက်ကိုတကယ်လမ်းခွဲလိုက်ရမှာလား ပြီးတော့ ငါရှိုင်းဆက်ကိုရှိန်းနဲ့အိပ်ခဲ့တယ်ဆိုတာ ထုတ်ပြောလိုက်ရမှာလား ဟင်း "
သူမတစ်ယောက်တည်း စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်နေမိပြီး သင်တန်းမှာ စိတ်နဲ့လူနဲ့မကပ်ဘဲတစ်နေ့ကုန်ဆုံးလိုက်တော့သည်။
______________________________________
ရှိုင်းဆက်သည် လရိပ်နှင့် ထပ်တွေ့ချင်သည်ကြောင့် လရိပ်ရဲ့သင်တန်းကိုလာပြီးလရိပ် ကြိုစောင့်နေခဲ့သည်။ဟိုနေ့က ပြသနာဖြစ်ပြီးတဲ့နောက်ပိုင်း သူစိတ်ရှုပ်နေတာကြောင့် လရိပ်ကိုမဆက်သွယ်ဖြစ်ပေ။အခုဆို သူ့လရိပ်က်ုအချစ်ကြီးချစ်မိနေပြီးဖြစ်သည်။လရိပ်ကိုရှိန်းလက်ကနေလုဖို့ သူ့ဆုံးဖြတ်ပြီးပြီးဖြစ်သည်။သူအရမ်းချစ်ရတဲ့ လရိပ်ပျိုကို ဘယ်သူ့လက်ထဲမှအပါမခံနိုင်တော့ပါ။သူ့လရိပ်ပျိုကို ပိုင်ဆိုင်နိုင်ဖို့ဆို သူဘာမဆိုလုပ်ရဲသည်။ရှိန်းလက်ကနေ လရိပ်ကိုယူဖို့ဆို သူဘယ်နည်းလမ်းဘဲဖြစ်ဖြစ်သူသုံးေတာ့မည်ဖြစ်သည်။အခုဆို ရူပါကျော်ကလည်း ရှိန်းကိုရဖို့ စတင် Planချနေပြီးဖြစ်သည်။ဒီ နေ့လရိပ်ကို သူက ရှိန်းဆီကနေ ယူဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။သူနာရီကိုတစ်ချက်ကြည့်လိုက်တော့၃နာရီထိုးတော့မည်ဖြစ်သည်။ခနနေကျရင် သူ့လရိပ်ပျို ရဲ့သင်တန်းလွှတ်ချိန်ရောက်တော့မယ်မဟုတ်လား။သူ့လရိပ်ပျိုကိုသူကားပေါ်မှာ ထိုင်ပြီးစောင့်နေလိုက်သည်။
ခနအကြာ လရိပ်တို့သင်တန်းလွှတ်သွားလေပြီး ဖြစ်သည်။မြင့်မိုရ်က လရိပ်ရဲ့လက်ကိုတွဲပြီး သင်တန်းအပြင်ဘက်သို့ ထွက်လာစဉ် ရှိုင်းဆက်ကို သူ့ရဲ့ ကားပေါ်မှာထိုင်နေသည်ကိုတွေ့လိုက်ရသည်။
သူမတို့နှစ်ယောက်က ရှိုင်းဆက်ရှိရာကို လျှောက်သွားလိုက်ပြီး ရှိုင်းဆက်ကိုခေါ်လိုက်သည်။
YOU ARE READING
ကျွန်တော်ပိုင်သော သူမ (Completed)
Fantasyကိုယ့်အဖေရဲ့မယားပါသမီးကို ငယ်စဉ်ကတည်းက ချစ်မိနေတဲ့PlayBoyနဲ့ အချစ်စစ်ကိုရှာဖွေနေတဲ့ကောင်မလေးတို့ရဲ့ဇာတ်လမ်း။ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ သတိပေးချက်-Warning🔞