Part 25

6.1K 98 0
                                    

(Uni)

လရိပ်ပျိုသည် သူမ၏ ပစ္စည်းတွေကိုသိမ်းပြီးဆေးရုံကဆင်းပြီး အိမ်သို့ပြန်ရန်အမြန်လုပ်ရသည်။ရှိန်းသည် ဆေးရုံကောင်တာမှာ သူမအတွက် ဆေးရုံစရိတ်ရှင်းနေပေးပြီး  သူမကကားပေါ်မှာရှိန်းကိုစောင့်နေသည်။
ရှိန်းက ဆေးရုံစရိတ်ရှင်းပြီးနောက် သူ့ရဲ့ကားဆီကိုလာပြီး ကားပေါ်သို့တက်လိုက်သည်။

"လရိပ် နင်အိမ်တန်းပြန်မလား ဒါမှမဟုတ် ဆိုင်တစ်‌ဆိုင်မှာ Breakfastစားပြီးမှ ပြန်မှာလား"

ရှိန်းကကားပေါ်တက်ပြီး သူမကိုထိုသို့မေးလိုက်သည်။သူမကရှိန်းကိုအရင်ကလိုမမုန်းတော့တာကြောင့် ရှိန်းမေးတာကို ချက်ချင်းဖြေလိုက်သည်။

"ဟင်အင်း အိမ်ဘဲပြန်ရအောင် ငါသင်တန်းသွားဖို့အမြန်ပြင်ရမယ် အိမ်ကိုဘဲတန်းမောင်းလိုက်တော့ ရှိန်း"

"အင်း ဟုတ်ပြီး"

ရှိန်းကထိုသို့ပြောပြီး ကားစက်နှိုးပြီး အိမ်သို့မောင်းပြန်လာခဲ့သည်။

နောက်နာရီ၀က်ကြာသော် သူမတို့အိမ်သို့ရောက်လာခဲ့သည်။သူမကိုရှိန်းက ကားတံခါးဖွင့်ပေးပြီး သူမကိုတွဲလိုက်သည်။

"ဟာ့ ရှိန်း နင်ငါ့ကိုဘာလို့တွဲတာလဲ ငါ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတဲ့ပုံပေါက်နေလို့လား "

"မဟုတ်ပါဘူး လရိပ်ရာ နင့်ကိုငါစိုးရိမ်လို့ပါ  လာပါ အိမ်ထဲရောက်အောင် ငါနင့်ကိုတွဲသွားပေးမယ်"

"မတွဲနဲ့ ငါ့ဟာငါလျှောက်မယ် ငါအဲ့လောက်အားမပျော့ပါဘူး ငါ့ကိုလွှတ်ပါ  ရှိန်းရဲ့"

"လရိပ် နင်ငါပြောတာကို နားမထောင်ရင် နင့်ကိုငါမတွဲတော့ဘဲ အိမ်ထဲထိပွေ့ချီသွားမှာနော် ငါမလုပ်ရဲဘူးမထင်နဲ့ "

ရှိန်းက သူမကိုခပ်တည်တည်စိုက်ကြည့်ပြီးသူမကိုခြိမ်းခြောက်လိုက်သည်။သူမလည်းရှိန်းရဲ့ခပ်စူးစူးအကြည့်ကိုကြောက်သည်ကြောင့် ရှိန်းပြောတာလက်ခံလိုက်ရသည်။

"အင်း အင်းပါ  "

ထိုအခါမှရှိန်းရဲ့တည်ထားတဲ့မျက်နှာက ပြန်ပြေသွားပြီး သူမကိုအိမ်ထဲထိ တွဲ၀င်လာခဲ့သည်။သူမတို့အိမ်ထဲရောက်တော့ သူမရဲ့အမေနဲ့ရှိန်းရဲ့အဖေက ဧည့်ခန်းထဲမှာထိုင်နေသည်။အမေကသူမတို့ကိုမြင်သည်နှင့် အမြန်ထပြီး သူမတို့ဆီကိုလျှောက်လာသည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now