🌓မောင်သည့်သာ မေအရာရာ 🌓
အပိုင်း ..3
......!!! .......
စန္ဒကူး ရွှေပြည်နန်း သနပ်ခါး ကို
ရေပျစ်ပျစ် ဖျော်လိုက်ပြီး ပါးပြင်ပေါ်
လိမ်း လိုက်သည်။ပြီးမှ သွားပွတ်တံ နဲ့ ခြစ်လိုက်ကာ
မညီမညာ ပါးကွက်နှစ်ကွက် ခြယ်လိုက်၏။သနပ်ခါး ခြောက်သွားတေ့ာမှ
မောင် မေမေ ၀ယ်လာပေးတဲ့ အသင့် ချုပ်ပြီးသား မြန်မာ၀မ်းဆက်စုံ ကို ထုတ်၀တ်လိုက်သည်။ပိတ်ဖောက်အဖြူ လက်ရှည်ကို
ချိတ်လိုင်းလေးတွေ ပါတဲ့ ချည်ထမိန်အနက်ရောင် နဲ့ ဖြစ်သည်။အသင့်ချုပ်ပြီးသား ဆိုပေမဲ့
စန္ဒကူး ကိုယ်တိုင်းလေးနဲ့ ကွက်တိ ဖြစ်ကာ
ထမိန် ကို ချန်ချန်ကပ်ကပ် ဖြစ်အောင် ၀တ်လိုက်၏။တန်ဖိုးကြီး အသားကောင်းတဲ့ပိတ်စ
မဟုတ်သော်လဲ မောင် မေမေ ရဲ့ မေတ္တာတရားတွေ ပါ၀င်နေတောမို့ စန္ဒကူး သဘောကျရပါသည်။"မမ .."
" ဟင် .."
တံခါးပေါက်၀ ကနေ ခန်းဆီး လိုက်ကာ ကို
ဖယ်၍ ချောင်းကြည့်ကာ ခေါ်လိုက်တာကြောင့် စန္ဒကူး အသံကြားရာ လှည့်ကြည့်တေ့ာ
မျက်နှာဝိုင်းစက်စက် ပါးဖောင်းဖောင်းအစ်အစ်လေး နဲ့ ဖြူဖြူလုံးလုံး မောင် ညီမ လေး ကို တွေ့လိုက်ရသည်။ညတည်းက ထမင်းစားဝိုင်း မှာတည်းက
မောင် ညီမလေး က စန္ဒကူး ကို ခဏ ခဏ ခိုးကြည့်ပြီး တစ်ခုခု ပြောချင်နေတာ သတိထားမိသည်။စန္ဒကူး သွားဖြူဖြူ လေး ပေါ်အောင်
ရီပြလိုက်ပြီး ...!"၀င်လာခဲ့လေ ညီမလေး .."
"ဟီး ..ဟုတ် ..."
မောင် ညီမလေး က သူမ ခေါ်လိုက်တေ့ာ
မျက်လုံး ဝိုင်းဝိုင်းလေး လက် သွား ကာ
အခန်းထဲ ၀င်လာ၏။" ငါ ...အဲ့ မမ ကို ဘာပြောချင်လို့လဲ .."
ကိုယ့်ဘာသာ ငါ လို့ နာမ်စားသုံးတာ
အကျင့်ဖြစ်နေတာမို့ ပါးစပ်ကို လက်နဲ့
အုပ်လိုက်၍ မမ လို့ ပြောင်းသုံးရသည်။