🌓မောင်သည် သာ မေအရာရာ🌓
အပိုင်း...11
......!!........!
"မောင် လက်က ဘာဖြစ်တာလဲ.."
အလုပ်က ပြန်လာပြီး မောင် ရေချိုးဖို့အတွက် ပြင်ဆင်ပေးကာ အင်္ကျီကူချွတ်ပေးရင်း မောင် လက်က နီရဲပြီး အရည်ကြည်ဖု တွေ ထ နေတာမို့ စန္ဒကူး မျက်မှောင်ကြုတ်၍ မောင် လက်ကို
သေချာကိုင်ကာ ဖြန့်ကြည့်လိုက်သည်။"ဘာမှမဖြစ်ဘူး .."
စန္ဒကူး ဆုပ်ထားတဲ့ လက်ကို ချက်ချင်း
ပြန်ရုတ်သိမ်းပြီး ဘာမှမဖြစ်သလို့
ပေါ့ပေါ့ပါးပါး ဖြေလာပေမဲ့ စန္ဒကူး အတွက် အဆင်မပြေပါ။ဒီရက်ပိုင်း မောင် အ၀တ်အစားတွေ
လျှော်ရင်း မောင် အင်္ကျီတွေ မှာ
ဘိလပ်မြေ ခဲ တွေ ပေကျံနေတာ
တစ်ထည်တည်း မဟုတ်။မောင် အရင်က အ၀တ်အစား ၀တ်ရင်း
သန့်ရပ်ပြီး ပေကျံ တတ်တာမျိုး မရှိတတ်။မောင် အ၀တ်အစားတင့် မကပဲ
လက်တွေ ခြေထောက်တွေပါ
တစ်ခါ့တစ်လေ ဘိလပ်မြေ မှုန်တွေ
ဖွေး နေတတ်သည်။"မေ ဘာတွေတွေးနေပြန်တာလဲ ..
လက် အရည်ကြည်ဖု ထတာ မောင်
ဆိုင်ကယ်မောင်းရင် လက်ကိုင့်ကို ဖိပြီး
ဆုပ်ထားတတ်လို့ ..ဘာမှမဖြစ်ပါဘူး..."မောင် က ဘာမှမဖြစ်ဘူး လို့သာ
ပြောသော်လဲ မောင် ထမင်းစားတိုင်း
လက်နဲ့အားပါးတရ စားတတ်သူ့က
အခုနောက်ပိုင်း ဇွန်း နဲ့သာ ဖြစ်သည်။
အမှတ်တမဲ့ စားရင်တောင့်
မောင် မျက်နှာမဲ့ မဲ့ သွားတတ်တာ
မောင် ကို အရိပ်လို့ တစိမ့်စိမ့် ကြည့်နေတတ်တဲ့ စန္ဒကူး အသိဆုံးပါ။" ဒီနေ့ ကျောင်းမှာ ဖောင်သွားတင့်ရတာဆို အဆင်ပြေရဲ့လား ..မောင် လိုက်ပို့ပေး ချင်တာ ..အလုပ်က ခွင့်ယူလို့ မရလို့ ..."
မောင် လိမ်ပြန်ပီး။
မေ့ထားတဲ့ ကိစ္စကို မောင် ပြန်အစဖော်တေ့ာ စန္ဒကူး ရင်ထဲ နာကျင်မူ က နင့်ခနဲ့။
မောင် ဘာလို့ ငါကို လိမ်တတ်သွားရတာ လဲ ..!
ငါကို မောင် ရိုးသွားပြီးလား ဆိုတဲ့
အတွေးစ က နင့်နင့်သည်းသည်း ၀င်ရောက်လာတာမို့ မျက်ရည်လည်ချင်လာသည်။