🌔မောင်သည်သာ မေအရာရာ🌓
အပိုင်း..20
.....!......!
"ဟိတ် ဖမာမလေး.."
နောက်ပါးက ခေါ်သံ စူးစူး ကြောင့်
၀တီပွင့်ဇော် ပုံသွင်းထားတဲ့ မျက်ခုံး
ဆတ်ခနဲ့ တွန့်သွား၏။ဒီလေသံ နဲ့ ဒီနာမ်စားကို ခေါ်သူဟာ
ဘယ့်သူလဲ ဆိုတာ လှည့်ကြည့်စရာ
မလို့အောင် တန်း သိသည်။လှည့်မကြည့်ပဲ မကြားချင်ယောင်ဆောင်ပြီး အရှေ့ကို ဆက်လျှော်သော်လဲ
နောက်ပါး က ဖိနပ်သံ ကြောင့် မကျေမနပ်စိတ်က ထပ်ဆင့်တိုး၀င်လာသည်။"Hey..ဖမာမလေး.ခေါ်နေတာမကြားဘူး လား .."
"ကျစ် ..အာလိုင် အာလိုင်(ဘာလဲ
ဘာလဲ .."၀တီပွင့်ဇော် ပုခုံး ကို ပုတ်၍
ခေါ်လိုက်တာမို့ စိတ်က ထောင်းခနဲ့
ဒေါသ ထွက်ရသလို့ လေသံကျယ်ကျယ် နဲ့ မကျေနပ်စွာ ပြန်မေး လိုက်၏။" မိုင်းမီအာလိုင်ခပ်..( ဘာကိစ္စမှမရှိဘူး ခင်ဗျာ)
" ကင်းခေါက်ယံ ( ထမင်းစားပြီးပြီ လား ..)
"ကျစ် .."
ပြောင်စပ်စပ်မျက်နှာပေး နဲ့ ထိုင်းကောင်လေး ကို စိတ်ရှုပ်စွာ စိုက်ကြည့်ရင်း
စုတ်သပ်၏။ထိုင်းလူမျိုး အသားဖြူဖြူ အရပ်ရှည်ရှည် ခပ်ပိန်ပိန်ဖြစ်သလို့ ကောက်ကွေးကွေး ဆံပင်ရှည်က ပုခုံးပေါ် ဝဲခါ့နေသလို့ ရယ်လိုက်ရင်း ထွက်လာတဲ့ သွားစွယ်ဖွေးဖွေး က အမြင်ကပ်စရာ ကောင်းလှသလို့ ၀တီ မျက်၀န်း ထဲ အခြောက်နဲ့ပင်
ဆင်၏။နည်းနည်းလေးမျှ ကြည့်လို့မရ။
ဘယ်လို့ အမြင်ကပ်လို့ ကပ်မှန်းပင်
မသိအောင်ပါပဲ။လူကို "ဘာတဲ့ "
ဖမာမလေး ဆိုပဲ။
စိတ်ပျက်စရာ..""တို့ကို တွေ့တိုင်း မျက်နှာကြီးက
စူပုပ်နေတာပဲ .."သူ့က ထိုင်းသံ နဲ့ ၀တီ မျက်နှာကို
စိုက်ကြည့်၍ ပြောလာပေမဲ့
သူမ က မျက်စောင်း၀င့်ကြည့်ကာ ...#" ငါ က နင်ကို ပြောင်ပြနေရဦးမှာလား ...စိတ်ရှုပ်စရာ နင်လမ်း နင်သွားပါလား .."