Part.21

1K 23 0
                                    

🌔.. မောင်သည်သာ မေအရာရာ ....🌓

         အပိုင်း..21

........!...........!

."  3နှစ်ခန့်ကြာသောအခါ့.."

အချိန်တွေ က တရွေ့ရွေ့ ပြောင်းလဲ
လာတာ မြန်သလို့ နှစ်ဟောင်း နှစ်သစ်
တစ်နှစ်ပြီး တစ်နှစ် ကူပြောင်း လာသလို့
သမီးလေး ချစ်အံကူးငယ် ပင် ၄နှစ်ကျော် လာပြီး ဖြစ်သည်။

တဖြည်းဖြည်း အနှီးထုပ်ကလေး ဘ၀
ကနေ့ အဆေ့ာသန်တဲ့ သမီလေး ကတစ်ဆင့် လိမ္မာနားလည်သိတတ်ပြီး
မအေမျက်နှာရိပ် မျက်နှာကဲ ကြည့်တတ်တဲ့ သမီးလေး ဖြစ်လာ၏။

အသားဖြူပြီး ၀၀ကစ်ကစ် နဲ့ စန္ဒကူးလို့
မဲနက်တဲ့ ဆံကေသာက ပုခုံးနားတိတိ
လေး ဖြစ်သလို့ မရိုးနိုင့်အောင် ဆင်ပေးတဲ့ မသူဇော် နဲ့ နဒီ တို့ကြောင့် သမီးလေး
ဟာ ချစ်စရာကလေးလေး တစ်ယောက်
ဖြစ်လာ၏။

    ချစ်အံကူးငယ် ဆိုတဲ့ သမီးလေး ကို
လူချစ်လူခင် များသလို့ စန္ဒကူး ရဲ့စာသင့်ဝိုင်း ဟာ ကျောင်းသား ၁၀ယောက်လောက် က စ ခဲ့တာ အခုဆိုရင်
အောင်ချက်ကောင်းပြီး နာမည် ရလာခဲ့ပြီး ဖြစ်သလို့ ကျောင်းသား သစ်တွေ
ပိုမို တိုး လာတာ ဖြစ်တာကြောင့်
မနက်နဲ့ည ခွဲသင့်ရပြီး  တက္ကသိုလ်၀င်တန်းအောင်မြင်ထားပြီး ကော့လိပ်တက်ဖို့ စောင့်နေကြတဲ့ ကျောင်းသူ လေး နှစ်ယောက်ကိုပင် လခ နဲ့ စာပြကူဖို့ ခေါ်ထားရ၏။

   " မေမေ .."

ရှစ်တန်းကျောင်းသားတွေ အတွက် စန္ဒကူးသီးသန့် ထုတ်ထားတဲ့ မေးခွန်းစာရွက်တွေကို သေချာ ပြန်စစ်ကြည့်နေတုန်း စန္ဒကူးဘေးနား ဆောင့်ကြောင့်လေးတိုးကပ်ထိုင့်ကာ ကပ်တိုး လေး
ခေါ်လိုက်သည့် သမီး ကို မကြည့်အားပဲ
အသံ ပြန်ပေး လိုက်သည်။

   "ဗိုက်ဆာလို့လား ကူးငယ်လေး.."

     " မဟုတ်ဘူး မေမေ ..ကူးငယ် မေးစရာရှိလို့ ..."

   "ဘာမေးမလို့လဲ သမီးရဲ့ ပြောပါဦး.."

စာရွက်တွေကို ဘေးထုတ်ပြီး
သမီး ဆံပင်ကို ဖွဖွ သပ်ကာ မေးလိုက်
တေ့ာ နှုတ်ခမ်း လေး ထော် ကာ စန္ဒကူး
ရင်ခွင့်ထဲ တိုး၀င် ကာ ...!

 မောင်သည် သာ မေအရာရာWhere stories live. Discover now