🌓မောင်သည်သာ မေအရာရာ🌔
အပိုင်း..30..
...........!!..........!
"မေမေ .."
အိပ်ရာ၀င်ချိန် သမီးလေးကို ချော့သိပ်ရင်း စန္ဒကူး ရင်ခွင်ထဲ ငြိမ့်သက်နေတဲ့
သမီး က မျက်၀န်းလေး ဖွင့်ကာ
မျက်တောင့်ဖျားတစ်ဖျတ်ဖျတ် လှုပ်ခတ်ရင်း ခေါင်းမော့ ကြည့်လာသည်။" ဘာပြောမှာလဲ ကူးငယ်လေးရဲ့.."
" ကူးငယ် တစ်ခု မေးချင်လို့ ...
မေမေ စိတ်မဆိုးဘူး မလား ဟင်.."" တစ်ခုမဟုတ်ဘူး ဆယ်ခုလောက်မေး"
သမီး က စန္ဒကူး ကို မရဲတရဲ ကြည့်လာကာ ပြောချင်တဲ့ စကား ကို အားယူနေ၏။
ပြီးမှ..!"ဖေဖေ က မေမေ က်ို မချစ်ဘူးလားဟင်..ဖေဖေ နဲ့ မေမေ က ရန်ဖြစ်ထားကြလို့ အတူမနေကြဘူးလားဟင်...
ဒါကြောင့် ဖေဖေ က ကူးငယ်ကို
လာမတွေ့တာလား မေမေ.."သမီး က နေ့လည် ကိစ္စကို ထပ်မေးလာတာမို့ သမီး ရဲ့ ဆံပင်ကို ပွတ်သပ်ပေးနေတဲ့ စန္ဒကူး လက် တွန့်သွား၏။
သမီး မေးခွန်း ကို ဘယ်လို့
အကောင်းဆုံး ဖြေမလဲဆိုတာ တွေးရသည်။စန္ဒကူး စကားတစ်ခွန်းသာ မှားသွားရင်
နုနယ်ငယ်ရွယ်တဲ့ သမီးနှလုံးသားမှာ
ဖခင် ဖြစ်သူ အပေါ် အမုန်းပွားနိုင့်သည်။"သမီးချစ်အံကူးငယ်လေး .."
"ရှင် မေမေ .."
"သမီး ဖေဖေ က မေမေ ကိုလဲ အရမ်းချစ်သလို့ သမီး ကို သူ့ချစ်ပါတယ်...
မေမေ နဲ့ ဖေဖေ က ရန်ဖြစ်ထားတာ
မဟုတ်ဘူးကွယ်..!" ချစ်တယ် ဆို ကူးငယ်လေး တို့ကို
ဘာလို့ပစ်ထားရတာလဲ မေမေ ..
အိမ်သေးသေးလေး မှာ နေတည်းက
ဖေဖေ က လာမတွေ့ဘူးလေ .."စကားတတ်သည့် သမီးက အချက်ကျ
လက်ကျ ပြန်ပြောတေ့ာ စန္ဒကူး မှာ
လည်နင့်ရသည်။" အဲ့ဒါ က ..အင်း သမီးဖေဖေ က မေမေ
မကြိုက်တာ လုပ်ထားလို့ လုံး၀ လာမတွေ့ရဘူးလို့ အပြစ်ပေးထားတာ ..."" ဟင့် ..မေမေ ကလဲ ဖေဖေ သနားပါတယ်..ဘာလို့ အပြစ်ပေးရတာလဲ..
ဖေဖေ ကူးငယ်တို့ နဲ့အတူနေချင်ရှာမှာပေါ့ .."