🌓မောင်သည်သာ မေအရာရာ🌔
အပိုင်း .. 27..
.......!............
အံဥဿထူး တစ်ဖက်က ဖုန်းချ ပြီးတဲ့
အထိ သူကျေကျေနပ်နပ်ကြီး
ပြုံး နေသလို့ ကတုန်ကယင်လဲ ဖြစ်နေ၏။"ဥဿ .."
ဖုန်း ကို ကိုင့်၍ အတွေးလွန်နေတုန်းမှာ
နောက်ပါး က ခေါ်သံ ကြောင့် သူလန့်သွားရသလို့ ဆတ်ခနဲ့ လှည့်ကြည့်တေ့ာ
မျက်ရည်စ တွေ ရစ်ဝဲနေတဲ့ ၀တီ။ဗိုက်ဖုံးအင်္ကျီအဝါရောင် ပွပွနဲ့
ဆံပင်တိုတို ကို ခေါင်းစည်းကြိုး နဲ့ ဖြစ်သလို့ စုစည်း ထား တဲ့ ၀တီ ကို ကြည့်ကာ သူနောက်ကျော မလုံ ဖြစ်သွား၏။" နင် စန္ဒကူးမေ ကို သွားတွေ့မှာလား
ဥဿ .."၀တီပွင့်ဇော် က ဥဿ နဲ့စန္ဒကူး
ဖုန်းပြောနေတာ အကုန်ကြားပြီးဟန်
နဲ့ ကြည့်၍ ပြောလာတာ ဖြစ်သည့်မို့
ဥဿ ခေါင်းညိတ် ပြလိုက်ကာ...!" ငါ မေ နဲ့ တွေ့မှ ဖြစ်မယ် ၀တီ ...
ငါဘ၀ မှာ ဆန္ဒအရှိိဆုံးက
မေ နဲ့စကား ပြောခွင့်ရဖို့ ပဲ .."" အော် .."
၀တီ က အော် တစ်လုံး နဲ့ အဆုံးသတ်ကာ မျက်ရည်စ ကို ငုံ့သုတ်သည်။
စိတ်မကောင်းရုံကလွဲရင်
နောက်ပြန်လှည့်ဖို့ ဆန္ဒမရှိ။" စန္ဒကူးမေ မှာ သာ သက်ဆိုင့်သူ
မရှိသေးဘူး ဆိုရင် နင်ဘယ်လို့
လုပ်မှာလဲ ဥဿ ..."" ငါက ဘာလုပ်ရမလဲ ၀တီ ..
ငါ မေ နဲ့ သမီး အပေါ် ဖခင်ကောင်း
ယောင်္ကျားကောင်း တစ်ယောက် မပီသ
ခဲ့ဘူး ..မေ မှာ သက်ဆိုင့်သူ မရှိဘူး
ဆိုရင်တောင့် ငါအမှားတွေ အပြစ်တွေကို မေ ခွင့်လွှတ်နိုင့်မှာ မဟုတ်ဘူး ..."" စန္ဒကူးမေ က အားလုံးကို နားလည်
ပေးတယ် .ခွင့်လွှတ်ပေးတယ် ..
ငါ့ကို စွန့်လွှတ်ခိုင်းပြီး သူ့ဆီကို
ပြန်လာခိုင်းရင့်ရော့ ..နင် ငါနဲ့ ဟော့ဒီက
ဗိုက်ထဲက နင်ရင်သွေး လေး ကို ပစ်သွားမှာလား ဥဿ .."၀တီ သူမျက်၀န်း ကို မျက်တောင့်မခတ်စတမ်းစိုက်ကြည့်ပြီး မေး လာတဲ့ မေခွန်း
ဟာ သူကို အခက်တွေ့စေတာအမှန်ဆိုပေမဲ့ ...!