🌑မောင်သည်သာ မေအရာရာ🌑
ဇာတ်သိမ်း....
.(ပထမပိုင်း)
"ဒီ နှစ်ထဲ မင်းတော်တော့ ကြိုးစားခဲ့ပုံပဲနော် .."
ခြံကျယ်ကြီး နဲ့ နှစ်ထပ်တိုက်အိမ် ကို
တစ်ချက်ပတ်လည် ဝေ့ကြည့်ပြီး
ပြောလာသည့် ဒေါ်ထိပ်ထားစံ ကြောင့်
လူငယ်တစ်ယောက်ရဲ့ မာန နဲ့ သူခေါင်းညိတ်လိုက်ကာ...!" အန်တီ ရဲ့ ကျေးဇူး ကြောင့် ပြောရမယ် ..အန်တီ နှိမ့်ချ အထင့်သေးမူတွေကြောင့် ကျနော် ဘ၀ ကို ဒီအခြေနေထိ ပြောင်းလဲ နိုင့်သွားတာ ..."
" ဟုတ်ပါပြီး ...အန်တီ က မင်း နဲ့ သမီး ကြား ၀င်ခွဲခဲ့လို့ မင်း အခုထိ ကျေနပ် သေးပုံ မရဘူးပဲ ..."
" သမီး ကို သမီးမှန်းမသိ ၊ အဖေ ကို
အဖေ မှန်း မသိ ၊ မေ တစ်ယောက်တည်း
ခက်ခက်ခဲခဲ ရှင်သန်ရတဲ့ အခြေနေထိ ရောက်အောင် လုပ်ခဲ့တဲ့ အန်တီ ကို
မေ အမေ ဖြစ်နေပေမဲ့ ကျနော် လုံးဝ မကျေနပ်သေးပါဘူး .."" မင်း အန်တီ ကို မကျေနပ် ဘူး ဆိုရင် တောင့် မင်း ကို မင်း ပိုပြီး အပြစ်တင့်
သင့်တယ် မောင်ဥဿ .."" အန်တီရဲ့ ရွှေ လို့ ဥ ထားတဲ့ သမီးက
မင်း ကို ချစ်လို့ အရာအားလုံးစွန့်လွှတ်ပေး ခဲ့တယ် ....
နောက်ဆုံးတော့ သူ ချစ်ရတဲ့ လူ ဆီက
မယုံကြည်မှု နဲ့ စွန့်ပစ်ချင်း ကို ခံရတာပဲ မလား.."" ဒါက ကျနော် ကို အကောက်ချပြီး
ထောင် ကျ အောင် အန်တီ လုပ်ခဲ့လို့
မေ ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီး ကျနော်နဲ့ ကွာရှင်း ခဲ့တာ ..ကျနော် မေ ကို မယုံကြည် လို့ မှားတယ် ဆိုရင်တောင်..."" ကွေ့ပတ်မနေပါနဲ့ မောင်အံဥဿထူး ..
မင်းကို ထောင်ကျ အောင် အကောက်ကြံခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူး ...မင်း ရဲ့ သွားလေသူ ယောက္ခထီး နဲ့ မင်းဇနီး ကို
အပြစ်တင့်လိုက် .."" ငါ သမီးလောက် မင်း အပေါ် ချစ်ပေးပြီး သစ္စာရှိတဲ့ သူ နောက်ထပ်တစ်ယောက် ဒီကမ္ဘာ မှာ မင်း ရှာလို့ မတွေ့ဘူး ..."
သူ့ ဒေါ်ထိပ်ထားစံ စကားကြောင့်
ခေါင်းရှုပ်သွားရသည်။ဒေါ်ထိပ်ထားစံ ကို မျက်ခုံးတွန့်ချိုး လျက် ခပ်စူးစူးစိုက်ကြည့်ပြီး ..."