Part.24

413 3 0
                                    

🌑မောင်သည်သာ မေအရာရာ🌒

     အပိုင်း..24

.......!...........!

  "သမီးလေး သမီးငယ်လေး .."

စန္ဒကူး မျက်လုံးဖွင့်တာနဲ့ သူမ ကို စိုးရိမ်တကြီး ငုံ့ကြည့်နေတဲ့ မိသားစုဝင်တွေနဲ့အတူ မေမေ ရဲ့ မချိတဲ့ ငိုသံ နဲ့ အတူ စန္ဒကူး ကို ထွေးဖက်လိုက်၏။

   "သမီးငယ်ရယ် မေမေ ကိုအဲ့ဒီလောက်တောင် နာကျည်းသွားရတာလား
ဘာလို့ ဒီလောက်အကြာကြီး အဆက်သွယ် ဖြတ်ရက်တာလဲ ..မေမေ ရဲ့ မြေးလေး ကို မေမေတို့နဲ့ တစ်သက်လုံး
ပေးမတွေ့စေချင်ဘူးလားကွယ် ..."

   "တောင်းပန်ပါတယ် မေမေ ..
   စန္ဒကူး တောင်းပန်ပါတယ်...
စန္ဒကူးရဲ့ မိုက်ပြစ် အတွက် မိသားစု ဆီ ပြန်လာဖို့ ကြောက်နေခဲ့တာပါ .."

  "သမီးရယ် ..မေမေ အတ္တပါ ..
မေမေ အတ္တကြောင့် ငါသမီးနဲ့ ငါမြေး
ဒုက္ခရောက်ရပြီး ..မေမေ နောင်တရပါပြီး ကွယ် ..မေမေ တောင်းပန်ပါတယ်..
ထပ်ပြီး မေမေတို့ကို မခွဲသွားပါနဲ့နော်..."

စန္ဒကူး ရဲ့ ပါးပြင် ကို နွေးထွေးကြင်နာစွာ ငုံ့နမ်းပြီး တင်းကြပ်ကြပ်ဖက်ကာ
ရှိုက်ငိုတဲ့ မေမေ ကို ဖက်ထားပြီး
စန္ဒကူး လဲ ရင်ကွဲမတတ်ခံစားချက်နဲ့
အတူ ရှိုက်ငိုမိသည်။

၅နှစ်တာစုစည်းထားတဲ့ မျှော်လင့်ချက် ဟာ ခဏအတွင်း ကျိုးကြေပျက်စီး
သွားရသည်။

ချစ်တဲ့စိတ်နဲ့ ပင်ပန်းဒုက္ခတွေကို
သမီးမျက်နှာကြည့်ပြီး အားတင်းထား တဲ့ နေ့ရက်တွေဟာ ခုတော့ အချည်နှီး။

မိသားစုစုံမှ သမီးမွေးနေ့ ပွဲကိုကြီးကြီး
ကျယ်ကျယ် ကျင်းပပေးချင်တဲ့ ရောင်ခြည် ဟာ သမီးတစ်သက် မဖြစ်နိုင့်တော့တဲ့ အပြင် ဖခင် တစ်ယောက်လုံး ကို မျက်ဝါးထင်ထင် မြင်တွေ့ရသည့်
တိုင့် "ဖေဖေ " ရယ်လို့ ခေါ်ခွင့်မရတဲ့
သိခွင့်မရှိတဲ့ စန္ဒကူး ရဲ့ သမီးလေး ..
မောင် ရဲ့ အသွေးအသားလေး ။

  "ကူး ငယ်လေး ..သမီး .."

မလတ် ရင်ခွင် အတွင်း ငြိမ်သက်စွာ
ထိုင့်ပြီး မျက်ရည်ပြည့်လျှံကာ ငေးကြည့်နေတဲ့ သမီး ဟာ စန္ဒကူး သတိလစ်သွားလို့ ကူကယ်ရာမဲ့ ထိတ်လန့်သွားတဲ့ ပုံပါပဲ။

 မောင်သည် သာ မေအရာရာWhere stories live. Discover now