🌑မောင်သည်သာ မေအရာရာ🌑
ဒုတိယပိုင်း (ဇာတ်သိမ်း)
..........!!!..............!
"သမီးလေး လာ .."
ဆေးရုံဝန်းထဲ ကားရပ်လိုက်တာနဲ့
ကားတံခါး ကိုဆွဲဖွင့်ပြီး စန္ဒကူး သမီး
လက်ကို ဆွဲကာ ဒရောသောပါး ၀င်ပြေးလာခဲ့သည်။ညဖက် ဖြစ်နေတာကြောင့် ဆေးရုံဝန်းကျင် က တိတ်ဆိတ်နေသလို့ လူ လဲ နည်းပါးနေ၏။
မြို့နယ် လေးရဲ့ ဆေးရုံမို့ လူနည်းပါးတာလဲ ဖြစ်၏။သမီးလေး လက်ကို ဆွဲရင်း
အထဲရောက်တာနဲ့ ဆေးကောင်တာ က
သူနာပြုဆရာမလေး ဆီ အရောက်သွား ကာ...!"ဆရာမ ကားအက်ဆီးဒင့် နဲ့ ရောက်လာတဲ့ လူနာ ဘယ်အခန်းမှာလဲ ဟင် ..."
" အော် အမြန်လမ်းမှာ ယာဉ်တိုက်ပြီး
ရောက်လာတဲ့ လူနာ လား .."" ဟုတ်ကဲ့ ဆရာမ ..အခြေနေကောင်းရဲ့လား ရှင် ..ကျမ အဲ့လူနာရဲ့ ဇနီး ပါ .."
"အို့ ."
ဆရာမလေးက စန္ဒကူး မေးခွန်းကြောင့်
မျက်နှာပျက်သွားကာ ဂရုဏာသက်ဖွယ် ကြည့်လာသည်။
ပြီးမှ တစ်ဖက် က သူနာပြုကို ကြည့်လိုက်ပြီး ...!" ဆရာမ ဒီအမျိုးသမီးက အမြန်လမ်းမှာ ယာဉ်တိုက်မူဖြစ်တဲ့ လူနာ ရဲ့ ဇနီးတဲ့ .."
"ဟယ် ငယ်ငယ်ချောချောလေးပဲ .."
"စိတ်မကောင်းစရာပဲ . လူနာ ဆီ လိုက်ပို့ပေးလိုက်ဉီး နော် .."
ဆရာမ နှစ်ယောက်လုံးက စန္ဒကူး ကို
သနားစဖွယ် မျက်ဝန်း နဲ့ ကြည့်လာတာကြောင့် သူမ ရင်ထဲ ပိုထိတ်လန့်လာရသည်။!စိတ်မကောင်းစရာဆိုပါလား ..!
"ဆရာမ ..သူ ..သူ အခြေနေ ကောင်းရဲ့လား ဟင် .."
" ဒီက ဆရာမလေး လိုက်ပြပေးပါလိမ်မယ် ..အနောက်က လိုက်သွားနော်"
အရှေ့က ဆရာမ ဉီးဆောင် ခေါ်လာတဲ့
အနောက်ကို ရင်တထိတ်ထိတ် နဲ့ လိုက်လာခဲ့ရင်း အခန်း တစ်ခန်း အရှေ့ ရောက်လာ၏။"ဒါက .."
စန္ဒကူး မျက်ဝန်းတွေ ပြာသွား၏။
သမီးလက်ဖျားကို ဆုပ်ကိုင့်ထားတဲ့
လက်ချောင်းနဲ့ အတူ ရင်တစ်ခုလုံးတင်းကြပ်ကာ အသက်ပင်ရှူလို့မ၀တော့။