🌓မောင်သည်သာ မေအရာရာ🌓
အပ်ိုင်း ...5
.......!!!.......
မနက်ခင်း နေရောင်ခြည် က ပြတင်းပေါက်ကြားမှ တစ်ဆင့်
သူမျက်နှာပေါ် ဖြာကျ လာတာမို့
မနက်စောစော ထတတ်သူပီပီ
အံဥဿထူး မျက်လုံးအစုံ ပွင့်လာသည်။သူရင်ခွင်ထဲ လက်မောင်း ကို ခေါင်းအုံး
ပြီး အိပ်မောကျနေတဲ့ ချစ်ရသူရဲ့
နူးညံအိစက်တဲ့ အထိအတွေ့ ကြောင့်
သူ့နှုတ်ခမ်းတစ်စုံ ပြုံး သွား၏။ညက အကြောင်းကို ပြန်တွေးမိတေ့ာ
ရင်ခုန်နှုန်း က ပိုမြန်ဆန်လာအောင်
ချစ်ရသူ ရဲ့ ၀င်သက်ထွက်သက်လေ က
သူ့ ရင်ဘတ်ကို လာရိုက်ခတ်နေ၏။"သူ့ကြောင့် အရမ်းပင်ပန်းသွားတဲ့ ချစ်သူရဲ့ နှုတ်ခမ်းပါးလေး ကို
ဖွဖွ ဖိနမ်းပြီး ခေါင်း ကို အသာယာ
မ လိုက်၍ ခေါင်းအုံး ပေါ် တင့်ပေး
လိုက်သည်။မနက်ခင်း မျက်လုံး ဖွင့်တာနဲ့
ပထမဆုံး စတွေ့တဲ့ မျက်နှာလေး နဲ့တင့် သူ့မနက်ခင်း ဟာ အဓိပ္ပာယ်ရှိတေ့ာမည်။စောင် ကို ရင်ဘတ်အနားထိ ပြန်ခြုံ
ပေးပြီး သူအိပ်ရာထဲ က ခြင်ထောင်ကို
အသာလှန်၍ ထ လာ ခဲ့၏။အိပ်ရာဘေး က တီရှပ်နဲ့ လုံခြည်ကို
ပြန်ကောက်၀တ်လိုက်ပြီးမှ ဂျက်ချထားတဲ့ တံခါး ကို
အသံမမြည်အောင် ဖွင့်ပြီး အခန်း ပြင်ထွက်လာတေ့ာ ...!"သား နိုး ပြီးလား .."
"ဟုတ်မယ့် .."
"မယ့် မနက်စာ ပြင်ပေးထားပြီးပီ ...
သမီးစန္ဒကူး ရော့ နိုး နေပြီလား..
အတူစားကြလေ ..."" မေ မနိုးသေးဘူး မယ့် .."
"ဟုတ်လား ..ဒါဆို သား က အလုပ်သွားရမှာဆိုတေ့ာ အရင်စားပြီး သွား မလို့လား .."
အလုပ်ဆိုမှ သူ ရင်မော သွား၏။
ဟုတ်သည်ပဲ။
မနေ့က သူအလုပ်ပြုတ်လာခဲ့တာ။" အင်း မယ့် ..."
သူ့ မယ့် ကို ခေါင်းညိတ်ပြပြီး
အိမ်အောက် ဆင်းလာကာ မျက်နှာသစ် သွားတိုက်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။