🌓မောင်သည်သာ မေအရာရာ 🌓
အပိုင်း ..7.
.....!!.......!!
ထို့နေ့ ညနေ့က စန္ဒကူး လည်ပင်းတရှည်ရှည့် မျှော်နေခဲ့ရသော်လဲ မောင် က ညနက် ၁၀ နာရီထိုးလောက်မှပြန်ရာက်လာခဲ့သည်။
ပြီးတေ့ာ မောင်ပုံစံ ကြည့်ရတာ
အရမ်းပင်ပန်းပြီး နွမ်းဖတ်နေကာ
မျက်နှာ လဲ ညိုးရော်၍ ခြေကုန်လက်ပန်း ကျနေပုံပဲ။"မောင် ရယ် ညနက်လိုက်တာ.."
မောင် ပြန်မလာမချင်း
စောင့်မျှော်နေရသူ ဟာ စန္ဒကူး နဲ့ မောင် မေမေ ပါပဲ။ခြံ၀ က မောင် ဆိုင်ကယ်စက်သံ နဲ့
မီးရောင် မြင်တေ့ာမှ နှစ်ယောက်သား
သက်ပြင်း ကိုယ်စီ ချကာ စန္ဒကူး က
မောင် ကို ပြေး ကြို့ လိုက်သည်။"ဟုတ်တယ် မေ အလုပ်လမ်းကြောင်းနည်းနည်း များလို့ ...မောင်ကို စောင့်နေတာလား ..."
နွမ်းဖတ်ဖတ် အပြုံး တစ်ပွင့်နဲ့ စန္ဒကူး
ပုခုံး ကို ဖက်ကာ ပြော လာတဲ့ မောင် ကြောင့် သက်ပြင်း မသိမသာ ချလိုက်သည်။"သား ရယ် မိုးချုပ်လိုက်တာ ...
မယ် မှာ စိတ်ပူ လိုက်ရတာ ..ရော့ ရေသောက်လိုက်ဦး ..""အင်း ဒီရက်ပိုင်း အလုပ်အရမ်းများနေလို့ မယ် ..အပြန်မိုးချုပ် တယ် ..
စိတ်မပူပါနဲ့ ..ဒီလမ်း ဒီနေရာတွေ က
သား ပြန်နေကျပဲ လေ ..""ကဲ့ မေ..မောင် နည်းနည်းပင်ပန်းလာလို့
ရေချိူး ဖို့ ကူပေးဦး နော် ..""ဟုတ် မောင် .."
" အော် မယ် ..ဒီနေ့ အလုပ်လမ်းကြောင်းများပေမဲ့ လုပ်အားခ ပိုရလာလို့ ..ဒီ သုံးသောင်း က မယ် လို့အပ်တာ ၀ယ်ဖို့ဒါက မေအတွက် ..နှစ်သောင်း ..မေ လဲ တစ်ခုခု လို့အပ်မှာပဲ.."
စန္ဒကူး အရှေ့ ထိုးပေးလာတဲ့
တစ်သောင်းတန် နှစ်ရွက် ကို မယူပဲ
သူမ ခေါင်းခါ့ ပြလိုက်၏။" ငါ အတွက် က မလို့ပါဘူး မောင် ..
မယ် ဆီမှာပဲ ပေး ထား လိုက်ပါ .."စန္ဒကူး ရဲ့ အငြင်းစကားကြောင့်
အံဥဿထူး မျက်နှာ ကွက်ခနဲ့ ပျက်သွားသည်။