Part.31

668 5 0
                                    

🌓မောင်သည်သာ မေအရာရာ 🌒

    အပိုင်း ...31

.......!........!!

" မောင် ရောက်လာခဲ့ရင် ဒါလေး ပေးပေးပါ မေမေ ..ဘယ်နှောင်ကြိုး နဲ့ မှ သမီး မောင် ကို မတွယ်ငြိချင်တော့ဘူး ... သူ့ဘ၀ နဲ့ သူ့မိသားစု နဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေတာ ဟာ
သမီး ခွင့်လွှတ်တာနဲ့ အတူတူပါပဲ လို့ .."

  "သမီး အံဥဿထူး ကို လက်လွှတ်ဖို့
သေချာ ဆုံးဖြတ်ပြီးပြီးလား ..
မြေးလေး ရဲ့ နောင်ရေး အတွက်ကို ကော မစဉ်းစားတော့ဘူးလား ..."

သမီး ရဲ့ ဆံပင်ပျော့ပျော့ကို
ပွတ်သပ်ရင်း စန္ဒကူး အံတင်းတင်း ကြိတ်သည်။

  " မောင် ဟာ သမီး ရဲ့ ဖခင်တစ်ယောက်နေရာက ဘယ်တော့မှ မပြောင်းလဲပါဘူး ...သမီး တို့ မိသားစု လေး ပြန်မဆုံ
နိုင့်တော့တာကလွဲလို့ပေါ့..."

" မေမေ တောင်းပန်ပါတယ် သမီးရယ်.."

စန္ဒကူး လက်ကို ဆုပ်ကိုင့်ပြီး ရင်ခွင်ထဲ
ထွေးဖက်ကာ မေမေ က စိတ်မကောင်းစွာ တောင်းပန်စကား ဆိုသည်။

  "ပြီးခဲ့တာတွေ ပြီးနေပါပြီး မေမေ ရယ်.."

" သမီးလေး အခုလို့ နာကျင်နေရတာ
မြင်တော့ မေမေ ရင်ထဲမချိ့ ဘူးကွယ်.မေမေ အတ္တတွေက သမီး တို့ကို
ပူလောင်စေခဲ့မိတယ်...."

ဒေါ်ထိပ်ထားစံမျက်ရည်စ ကို သုတ်ဖယ်ရင်း နောင်တရစွာ ဆိုလေသည်။

  "သမီး အဆင်ပြေပါတယ် မေမေ ..
မောင် ရောက်လာခဲ့ရင်သာ ဖြစ်အောင် ပေးပေးပါ .."

"အင်းပါကွယ် .."

"မြေးလေး အဘွားဆီကို လာပါဉီးကွယ် .."

မြေးဖြစ်သူ ကို မခွဲချင်စွာ
ထွေးဖက်ရင်း ပါးဖောင်းဖောင်း ကို
ဟိုဖက် ဒီဖက် ဖိနမ်း၏။

  "အဘွားမြေးလေးကို လွမ်းနေတော့မှာပဲ .."

"လွှမ်းရင် လိုက်လာခဲ့ပေါ့ ဘွားဘွားရယ် .."

  "အင်းပါ ဘွားဘွား အလုပ်တွေ လက်စ ဖြတ်ပြီး လိုက်လာခဲ့ပါမယ်ကွယ် .."

မိခင်ဖြစ်သူ ကို နှုတ်ဆက် ကန်တောရင်း စန္ဒကူး တို့ ကိုကြီး ကားနဲ့ အညာရွာ
လေး ဆီ ပြန်လာခဲ့သည်။

 မောင်သည် သာ မေအရာရာWhere stories live. Discover now