🌓 မောင်သည်သာ မေအရာရာ🌔
အပိုင်း ...26
.......!........!
" တီ တီ တီ တီ ..."
၀တီပွင့်ဇော် ရေချိုးပြီးတေ့ာမှ
အ၀တ်အစားလဲ၀တ်နေရင်း
မှန်တင့်ခုံပေါ်မှာ တင့်ထားတဲ့ ဖုန်းက
လိုင်း ဖွင့်ထား တန်းလန်း မို့
Messager က ဖုန်းခေါ်လာတာကြောင့်
မျက်မှောင့်ကြုတ် လိုက်၏။ဗိုက်ဖုံးဂါ၀န် အင်္ကျီ ကို ပေါ့ပေါ့ပါးပါး
ယူ၀တ်လိုက်ပြီး ဖုန်းဆီ လျှောက်လာကာ ယူကြည့် လိုက်တေ့ာ
ထိုင်း ကျောင်းတက်တုန်း ခင်မင်ခဲ့တဲ့
ဘန်ကောက် က ထိုင်းမလေး ဖြစ်နေ၏။ကျောင်းပြီးတည်းက အဆက်သွယ်
ပြတ်နေတာမို့ အခုမှ ဖုန်းခေါ်လာတာကြောင့် အံသြ သွားရသည်။၀တီ ထံ video call ခေါ်လာတာကြောင့်
ဘာမှမစဥ်းစားနေတေ့ာပဲ ကိုင့် လိုက်တေ့ာ ဖုန်း မျက်နှာ ပြင်မှာ ထိုင်း က
သူငယ်ချင်း ရဲ့ မိတ်ကပ်တ၀င်း၀င်း နဲ့
လှနေတဲ့ မျက်နှာက ပေါ်လာ၏။" ဟေး ..၀တီ ..."
" ဟိုင်း .နူးအာ.."
" မတွေ့တာကြာပြီး .."
" ဟုတ်တယ် နေ့ကောင်းရဲ့လား ."
"ကောင်းတယ် ၀တီရော့ ဘယ်ရောက်နေလဲ .."
"မြန်မာပြည် ပြန်ရောက် လာပြီးလေ .."
" ၀တီ က်ို ကြည့်ရတာ ၀ လာသလို့ပဲ.."
" မဟုတ်ဘူး ..၀တီ အိမ်ထောင်ကျသွားပြီး လေ အခု ကိုယ်၀န် နဲ့ ၆ လထဲ ၀င်နေပြီး.."
"ဝိုး ဟုတ်လား .."
"အင်း ."နူးအာ က အံသြ သွားသလို့ ပြန်မေးရင်း
ဖုန်း ကို တစ်ယောက် ယောက်ဆွဲလု
လိုက်သလို့ ဖုန်းမျက်နှာပေါ် တွေ့လိုက်ရတဲ့ လူကြောင့် ၀တီ မျက်စိ မျက်နှာပျက်သွား၏။" အချစ် .."
" ငါ အိမ်ထောင်ကျသွားပြီး ..
နင်နဲ့ ငါ ဘာမှမပတ်သက်တေ့ာဘူး
ထပ်ပြီး လာမဆက်သွယ်နဲ့ .."" အချစ် ငါတို့ နှစ်ယောက်က လွယ်လွယ် အဆုံးသတ် လို့ မရဘူး လေ ..အချစ်နဲ့ ငါက .."
" ဒေါက် ဒေါက် ."
အပြင်က တံခါးခေါက်သံကြောင့်
၀တီ လန့်သွားသလို့ ဖုန်းကို ချက်ချင်း
ချပစ်လိုက်သည်။