🌔မောင်သည်သာ မေအရာရာ🌓
အပိုင်း..29
.........!!................!
"ငါညီမ က လှလိုက်တာ.."
"ဒီဒီက အရမ်းလှတာပဲ .. ကူးငယ်
လူမှားသွားတယ် သိလား .."ညို့စိမ့်စိမ့်အသားအရေနဲ့ လိုက်ဖက်စွာ
ချိတ်လိုင်းကြီး တွေ ပါတဲ့ ထမိန်နဲ့ နံသာရောင် မြန်မာရင်စေ့ လက်ရှည် နဲ့ နဒီ က
ကြည့်လို့ လှနေ၏။ဒီနေ့ နဒီဘွဲ့ယူတဲ့နေ့မို့ စန္ဒကူး တို့ သားအမိအပြင် မနက်တည်းက ဖင်တကြွကြွ ဖြစ်နေတဲ့ ကိုကြီးက ထိပ်ဆုံးကပင်။
အခုလဲ မသူဇော် တို့ လင်မယားအလှစ်မှာ လက်ကိုင့်ပုဝါထုတ်ကာ နဒီ ရဲ့
နဖူး က ချွေးစ ကို သုတ်ပေးနေ၏။."ကိုကြီး ဘယ်လို့ ဖြစ်နေတာလဲ..."
.
နဒီ ဒီလူကြီး လုပ်ရပ်ကြောင့်
မမစန္ဒကူး နဲ့ ကူးငယ်လေး ကို မျက်နှာ
ပူစွာ မျက်ရိပ်မျက်ကဲ ပြ၏။စန္ဒကူး က နားလည်ပေးစွာ
တစ်ဖက်လှည့်ကာ ပြုံး၏။ကိုကြီး နေဗလ က ဂျယ်လ်ရွဲအောင်
သ ထားတဲ့ ဆံပင် ကြားထဲ လက်သွင်း
ကာ ဖွဖွ ကုတ်၏။
ပြီးမှ စပ်ဖြဲဖြဲ မျက်နှာပေး နဲ့ ပြုံးကာ...!" နောက်ဆိုလဲ သိရမှာပဲ ..
ကြိုပြီး ပြောပြထားရင် ပို့မကောင်းဘူး
လား .."" အငယ်လေး ..နဒီ နဲ့ ကိုကြီး က
မေတ္တာမျှ နေကြတာ တစ်နှစ်ကျော်နေပြီး .."" ကိုကြီး .."
နဒီ က မျက်နှာပူစွာလှမ်းတားသည်။
စန္ဒကူး ကာ ပြုံးလိုက်ကာ..!" မမသိပါတယ် .."
"အငယ်လေးက သိနေပြီးသားလား.."
"အွန့် ကိုကြီး က ဒီလောက် အဖြစ်သည်း
ပြနေတာ ညီမလေး က မသိပဲ နေမလား..""အ့ာ အရမ်းသိသာသွားတာလား.."
ကိုကြီး ရှက်သွားဟန် ရယ်ကျဲကျဲ လုပ်၏။
"နဒီ .."
"ရှင်မမ .."
စန္ဒကူး နဒီ ရဲ့ လက်ဖျား ကို ဆွဲယူကာ
ခေါ်ရင်း ပြုံးပြ၏။" နဒီ က မမတို့သားအမိရဲ့ ကျေးဇူးရှင်ဖြစ်သလို့ ချစ်ရတဲ့မိသားစု၀င်တစ်ယောက်ပဲ ..နဒီ ကို မမ ညီမလေး တစ်ယောက်လို့ ချစ်တာ သိတယ် မလား..."