Chapter 11ဟယ့်ကျိုးနှင့်အခြာသူများက ကျင်းစစ်၏လျို့ဝှက်ချက်ကို မတော်တဆဖော်ထုတ်မိသွားပြီးနောက် သူတို့ကဘုရင့်ထံ၌ သစ္စာရှိမှုခံယူသကဲ့သို့ ကျင်းစစ်အပေါ်သူတို့၏အပြုအမူတွေက ၁၈၀ဒီဂရီပြောင်းပြန်လှန်သွားသည်။
တစ်ခါက ဟယ့်ကျိုးသည် ကျင်းစစ်အတွက် လမ်းဖယ်ပေးသည်အား ယင်းကျောင်းတွေ့လိုက်သေး၏။
ဟယ့်ကျိုးဆိုသညိက ဝပြီးသဘောမကောင်းတတ်ချေ။ သူလမ်းလျှောက်ပုံကလည်း သောင်းကျန်းလွန်းလှသည်။ တစ်ယောက်ယောက်နှင့် လမ်းကျဉ်းလေးထဲမှာ တိုက်မိသည်ဆိုလျှင်ပင် သူကလမ်းဖယ်ပေးမည့်လူတွေက လက်တစ်ဖက်မပြည့်သည်အထိနည်းသည့် လူနည်းစုသာရှိသည်။
ဟယ့်ကျိုးက သူ့ဝမ်းဗိုက်ကိုထိပြီး သက်ပြင်းချလိုက်သည်။ “အကိုကျောင်း..မင်းနားမလည်ပါဘူး..ကျင်းစစ်တစ်ယောက် ကျန်းဟူမှာ လုပ်ပြသွားတာတွေက ငါ့တစ်သက်တာအိမ်မက်ပဲလေ… ”
သူကခဏရပ်လိုက်ပြီးနောက် စာကိုအာရုံစိုက်လုပ်နေသည့် ကျင်းစစ်ကိုကြည့်လိုက်ကာ တီးတိုးဆိုလာသည်။
“နောက်ပြီး သူကတော်တော်လေးချောတယ်လို့ မင်းမထင်မိဘူးလား..”
ယင်းကျောင်းက နှာမှုတ်လိုက်ပြီးပြောသည်။ “သူကချောတယ်မချောဘူးဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ…”
ဟယ့်ကျိုးက ဘာမှမဆိုင်ပါဘူးဟု ပြောလိုက်ချင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတန်းထဲ၌ နောက်ထပ်အချောကြီးတစ်ယောက်ရှိသေးကာ ထိုအကြောင်းကိုပြောရန်က မျက်နှာပြောင်ရန်လိုပေသည်။
ယင်းကျောင်းကပြောလိုက်သည်။ “သူကြိုက်တာဘယ်သူလဲဆိုတာ မင်းကိုသတိပေးရဦးမယ်…”
ဟယ့်ကျိုး : ”..”
ဟယ့်ကျိုးကမေးလိုက်၏။ ”အကိုကျောင်း မင်းတစ်ခုခုလွဲနေတာလား.. ကျင်းစစ်က မင်းကိုနှောက်ယှက်တာကို မင်းမုန်းတယ်မဟုတ်ဘူးလား….”
ယင်းကျောင်းက ရယ်လိုက်ကာ ဘာမှထပ်မပြောချေ။
သူက ခုံပေါ်ကလေ့ကျင့်ခန်းစာအုပ်ကို ကျပန်းဆွဲထုတ်လိုက်ကာ စာမျက်နှာတစ်ခုကိုလှန်လိုက်ပြီးနောက် ကျင်းစစ်၏ နေရာထံထသွားလိုက်သည်။

YOU ARE READING
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
RomanceTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...