Chapter 1

7.1K 280 2
                                    

Chapter 1


" ကဲ ပြောပါဦး မင်း ဒီတစ်ခါရော ဘာလို့ရန်ဖြစ်ပြန်တာလဲ..."

ကျင်းစစ်အသိစိတ်ပြန်ဝင်လာသောအခါ မရင်းနှီးသည့် အမျိုးသားတစ်ယောက်အသံ ကြားလိုက်ရသည်။

မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ကိုစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

မျက်နှာထားက ခက်ထန်မာကျောနေသော သက်လတ်ပိုင်းအရွယ်ယောကျာ်းတစ်ယောက်က  သူ့ခုံကိုလက်ဖြင့်ထုရိုက်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။

" မနေ့ကမတိုင်ခင်တစ်ရက်ကပဲ မင်း အတန်းမလစ်တော့ဘူး ရန်မဖြစ်တော့ပဲ စာကြိုးစားမယ်လို့ ငါ့ကို ကတိပေးခဲ့တယ်လေ... ရလဒ်ကဒါလား... မျက်စိတစ်မှိတ်အတွင်းမှာပဲ အရင်ပုံစံ ပြန်ဖြစ်သွားပြီ... ဆရာတွေက မင်းရဲ့အကျင့်ဆိုးကို မပြင်ပေးနိုင်ဘူးလို့ ထင်နေတယ်ပေါ့လေ ဟမ်..."

" ငါ ဘာလုပ်မယ်ဆိုတာကြည့်လိုက် ငါမင်းကိုပြောပြမယ် ကျင်းစစ် ဒီတစ်ခါတော့ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့..."

ကျင်းစစ် သူ့ကို ငေးကြည့်နေပြီး စိတ်ထဲတွင်လည်း။ဗလာကျင်းနေသည်။

ဘာတွေဖြစ်နေတာလဲ...

ကော်လိပ်ဝင်ခွင့်စာမေးပွဲရလဒ်များ ထွက်ပေါ်လာပြီးသည့်နောက်တွင် စီရင်စု၏ သိပ္ပံဘာသာရပ် ချန်ပီယံရှစ်ကို တစ်မှတ်တည်းဖြင့် ကပ်လွဲခဲ့သည်ကိုသာ သူ သတိရသည်။ စိတ်ဓာတ်ကျနေခဲ့၍ အိမ်တွင် အရက်သောက်နေခဲ့မိပြီးနောက် ပြန်နိုးလာသည့်အခါ ဤနေရာတွင် ရောက်နေသည်။

" ကျွန်တော်..."
သူ ထိုလူကိုကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော် ရန်မဖြစ်ပါဘူး..."

" ရန်မဖြစ်ဘူးတဲ့လား..."

ထိုစကားများကိုကြားသည့်အခါ တစ်ဖက်လူက ပိုဒေါသထွက်သွားပြီး သူ့အသံက ကျင်းစစ်၏ နားစည်ကွဲထွက်သွားမတတ် ကျယ်လာသည်။

" မင်း ရန်မဖြစ်ဘူးလို့ ပြောရဲသေးတယ်ပေါ့လေ...တစ်ဖက်လူက သတိတောင်မေ့သွားပြီကို မင်းက ရန်မဖြစ်ဘူးလား... ထိရုံပဲပေါ့ ဟုတ်လား... လာစမ်း လာစမ်း လာစမ်း ငါလည်းဒီနေ့ မင်းကို သေအောင်ထိပြမယ်..."

ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့Où les histoires vivent. Découvrez maintenant