Chapter 48နောက်တစ်နေ့ မိုးမလင်းခင်၌ ကျင်းစစ်သည် အိပ်ယာထပြီး တိတ်တိတ်ဆိတ်ဆိတ် ဆေးကြောကာ ကျိုးချောင်နှင့် တွေ့ရန် စင်္ကြံအပေါက်သို့ သွားလိုက်သည်။ သူတို့နှစ်ယောက်စကားပြောရင်းဖြင့် ဒုတိယစာသင်ဆောင်သို့ နှစ်ယောက်သား ရောက်လာကြသည်။
သူတို့ရောက်သည့် အချိန်၌ လူတော်တော်များများ ရောက်နှင့်နေပြီဖြစ်ကာ အဆောက်အဦးရှေ့၌ တန်းစီနေကြပြီဖြစ်သည်။ စီရင်စုကျောင်းမှ ဌားထားသည့် ဘတ်စ်ကားသည် ဘေး၌ ထိုးရပ်ထားကာ အင်ဂျင်သံက မြည်နေပေသည်။
“အဲ့ဒါနဲ့ လူတွေဘယ်လိုသွားကြမလဲ ငါမသိဘူး..”
ကျိုးချောင်က ဝေဖန်လိုက်ကာ သူ့ဝမ်းဗိုက်အား ပွတ်လိုက်သည်။
“ငါဗိုက်နည်းနည်းဆာနေပြီ..ငါတို့ကျောင်းက ဆရာဆရာမတွေလည်း အတူတူဘဲ..သူတို့အားလုံး မနက်စာ စားဖို့ရောက်လာကြပြီ..”
ကျင်းစစ်သည် အချိန်အား စစ်ကြည့်ပြီး ၎င်းက ငါးခွဲရန် ဆယ်မိနစ်ကျန်သေးကာ သူ့အား နှစ်သိမ့်လိုက်သည်။
“အချိန်စေ့တော့မယ်...ငါတို့မကြာခင်လူစုရလိမ့်မယ်…”
ကျိုးချောင်က သက်ပြင်းချသည်။
“မျှော်လင့်ရတာပဲ..”
ကျင်းစစ်သည် ထပ်၍ ပြောချင်သော်လည်း ရုတ်တရက် သူ့ပုခုံးက အရိုက်ခံလိုက်ရသည်။ သူနောက်လှည့်လိုက်ပြီး ကြောင်အသွားသည်။
“မင်း..မင်းဘာလို့ဒီမှာ ရှိနေတာလဲ…”
“လုပ်စမ်းပါ..”
ယင်းကျောင်းသည် သူ့အားပြန်မဖြေပေ။ သူ့အား တိုင်နောက်ဆွဲခေါ်လိုက်ပြီး အပူခံနေ့လည်စာဗူးနှင့် ရေနွေးဗူးအား လွယ်အိတ်ထဲမှ ထုတ်လိုက်သည်။
“ကျောင်းက ပေးတာဘာမှမစားနဲ့..အဲ့ဒါက အရသာမရှိဘူး..ကိုယ် မင်းအတွက် ဒါတွေယူလာပေးတယ်…”
သူက နေ့လည်စာဗူးအား ဖွင့်ကာ အထဲမှ ပေါက်စီများအား ထုတ်ပြလိုက်သည်။
“စားရအောင်..ကိုယ့်အိမ်က အဒေါ်ကကောင်းကောင်းလေး လုပ်ပေးထားတယ်..အဆာသွတ်နှစ်မျိုး…တစ်ခုက ကြက်သားနဲ့ နောက်တစ်ခုက သိုးသားနဲ့ လုပ်ထားတာတဲ့…”

YOU ARE READING
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
RomanceTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...