Chapter 12ဇက်အမှတ်တံဆိပ်ဖြင့် အထူးထုတ်ကုန်ကလေးအာဟာရဖြည့်နိုသည် ကုဟွိုက်အရှေ့ဝယ် နေရာတကျရှိနေပါ၏။ ပြည့်လျှံနေသောနွားနို့ခွက်ကို သူလှမ်းယူလိုက်သည့်အခိုက် သူ၏ဘေးပတ်လည်မှဇက်တို့၏မျက်လုံးများမှာ တဖိတ်ဖိတ်လက်နေသည်ကို သူအတိအကျခံစားမိသည်။ ဥအခွံစားနေသည်ကို တွေ့မြင်ခဲ့သော တက်ခ်ဇက်ပင်၎င်း၏ရဲတောက်နေသောမျက်ဆံအိမ်ကို ကျဉ်းမြောင်းပြီး ကုဟွိုက်၏ခန္ဓာကိုယ်အပေါ်သို့ အပြည့်အဝအာရုံစိုက်နေလေပြီ။
တစ်ခုတည်းသော ချွင်းချက်မှာ ကုဟွိုက်ဘေး၌ထိုင်နေသည့် အလ်ဗ်သာဖြစ်လိမ့်မည်။ ရုပ်ပိုင်းဆိုင်နှင့်စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအရ ကုဟွိုက်၏လုပ်ဆောင်မှုတိုင်းမှာ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ကြောင်းပြသနေသည်က သံသယဖြစ်စရာမရှိ။ ထို့ကြောင့် အလ်ဗ်တစ်ယောက်တည်းသာ လူငယ်လေးကို ဥထဲမှထွက်လာကာစကလေးလေးအဖြစ်မှလူငယ်လေးအဖြစ်သို့ မြင်နေသည်။
အလ်ဗ်က အတိုချုံးသိရှိသွားပြီး တဖက်ကိုသူ့ကဲ့သို့သောဇက်အတိုင်းသေဘာထားလာ၏။ အကြောင်းမှာ အခြားဇက်များမှာလည်း ထိုအကြောင်းကိုနားလည်ကြသည့်တိုင် ၎င်းတို့ကအလ်ဗ်နှင့်ကွဲပြားကြသည်။ ၎င်းတို့ကကုဟွိုက်အပေါ် အချစ်ရူးရူးနေသောမိဘများ၏သဘောထားအတိုင်းရှိနေပြီး တဖက်ကို မွေးကင်းစကလေးသဖွယ်ယူဆနေကြသည်။
သူတို့ဘုရင်က ဥကပေါက်လာတာ ရက်ပိုင်းလေးပဲရှိသေးတယ်၊ သူကအခုထိ ကလေးလေးပဲပေါ့! သူတို့ကား အကြောင်းမှန်ကို အခြေခံတကျနားလည်ထားကြပြီးသော်လည်း ၎င်းတို့၏နှလုံးသားအတွင်းမှ မိဘစိတ်ကိုထုတ်ပစ်ရန်ခက်ခဲနေပြီး လက်ရှိအခြေအနေသို့ရောက်လာစေခဲ့သည်။
ကုဟွိုက် ဇက်အမှတ်တံဆိပ်ဖြင့် ကလေးအာဟာရဖြည့်နို့ခွက်ကိုကိုင်လိုက်သည်။ ဇက်၏မျက်လုံးများအောက်၌ သူရှို့တို့ရှန်းတန်းဖြစ်နေသေး၏။ ၎င်းကအတိအကျကို နို့တစ်ခွက်သာဖြစ်ပြီး သာမန်နို့တစ်ခွက်ထက် ဘာမှမပိုသွားပေ။ သူက နို့ကိုပုလင်းထဲမှသောက်နေခြင်းမဟုတ်၍ ရှက်နေစရာမရှိ။

ANDA SEDANG MEMBACA
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
RomantikaTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...