Chapter 9
ဌာနမှူးနာမည်ကား ဖုန့်မောင်ဖြစ်ပြီး ယခုစာသင်နှစ်၌ ပြောင်းလာခဲ့ခြင်းပင်။
ဌာနမှူးတွေက ယခုကဲ့သို့ကိစ္စများအား တာဝန်ယူရပြီး စည်းကမ်းတင်းကြပ်လှသည်။ သူသည် မနက်စာမစားဘဲ စပီကာအားကိုင်ကာ စာသင်ဆောင်ရှေ့၌ မိနစ်ငါးဆယ်ကြာ ရပ်နေပြီးနောက်ဆုံး၌ ယင်းကျောင်းကဲ့သို့ ပုံစံမကျသည့်ကျောင်းသားအား အပြစ်ပေးရန် ဖမ်းမိလေသည်။
သူက အတန်းခုနစ်မှဖြစ်ကာ ဒုတိယနှစ်ဆိုသည်အား သိပြီး ဖုန့်မောင်သည် သူ့အား ဒုတိယတန်းသိပ္ပံရုံးခန်းသို့ တိုက်ရိုက်ခေါ်သွားကာ သူ့ကိုဆရာလျိုထံ တွန်းပို့လိုက်သည်။
“ဒီကောင်လေးက ဆရာတို့အတန်းကဆိုတာ ဟုတ်သလား..”
ဆရာလျိုက ပေါက်ဆီစားနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်အား တွေ့ချိန်၌ မျက်မှောင်ကျုံ့လိုက်မိသည်။
“ဟုတ်တယ်..”
သူကမတ်တပ်ရပ်လိုက်ကာ ရုံးခန်းပိုင်ထိုင်ခုံအား တွန်းဖယ်လိုက်ပြီး ကျင်းစစ်အားကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“သူတို့နှစ်ယောက် ဘာလုပ်ထားလို့လဲ…”
“ဒါက..”
ဖုန့်မောင်က ယင်းကျောင်းအားလက်ညိုးထိုးပြသည်။
“သူက ကျောင်းယူနီဖောင်းဝတ်မလာတာ လက်ပူးလက်ချပ်မိတာ…”
သူက လှည့်လိုက်ပြီး ကျင်းစစ်အားဆွဲခေါ်ကာ နှာမှုတ်၍ဆိုသည်။
“ဒီတစ်ယောက်က သူ့ သူငယ်ချင်းအတွက် ကျောင်းဝတ်စုံကညစ်ပတ်နေတယ်ဆိုပြီး သက်သေခံပေးမယ်ပြောတယ်…”
ထိုသည်က ရန်ဖြစ်ခြင်းနှင့် အတန်းလစ်ခြင်းမဟုတ်ကြောင်းကြားရပြီးနောက် ဆရာလျိုက စိတ်သက်သာရကာ သက်ပြင်းချလိုက်မိသည်။
“ဒါရိုက်တာ..မစိုးရိမ်ပါနဲ့..ကျွန်တော် သူ့ကို ကျောင်းယူနီဖောင်းဝတ်ဖို့ ပြန်ခိုင်းလိုက်မယ်…”
ဖုန့်မောင်က သူ့၏ပေါ့ပေါ့တန်တန် အပြုအမူကြောင့် အလွန်မကျေမနပ်ဖြစ်နေသည်။ သူက ခုံကိုပုတ်လိုက်ပြီး ပြောသည်။

STAI LEGGENDO
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
Storie d'amoreTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...