Chapter 14အတန်းတွင်း လေ့ကျင့်ချိန်မပြီးဆုံးသေးခင်တွင်သာမက အခြားတန်းခွဲမှအတန်းသားများ အခန်းထံသို့ အစဉ်လိုက်ပြန်သွားကြချိန်အထိ ကျင်းစစ်၏မျက်နှာက နီရဲနေဆဲပင်။ ယင်းကျောင်းက သူ့ကိုဘယ်လောက်ပဲ ဆက်စနောက်ပါစေ သူစကားထပ်မပြောနိုင်တော့ချေ။
သူက ဘာကြောင့်ဒီလောက်လူအများကြီးအရှေ့မှာ ညစ်ပတ်နိုင်ရတာလဲဆိုသည်အား အဖြေရှာမရပေ။
ကျင်းစစ်က ရေသန့်ထုတ်စက်ထံသွား၍ ရေတစ်ခွက်ယူလိုက်ပြီး တစ်ဝက်ကိုသောက်လိုက်ကာ အသက်ရှုမှန်အောင်လုပ်လိုက်ပြီးနောက် သင်္ချာစာအုပ်ကိုထုတ်လိုက်၏။
သူယူသုံးလိုက်သည့် ခွက်ကဖန်ခွက်ဖြစ်ကာ သူသုံးပြီးပြန်ထားလိုက်ချိန်၌ လက်ဗွေရာအနည်းငယ် ကျန်ခဲ့ပေသည်။
ကျင်းစစ်က ဤသည်ကိုမြင်ချိန်၌ တစ်ရှူးနှစ်ရွက်ကို ချက်ချင်းထုတ်လိုက်ကာ ၎င်းပေါ်မှလက်ဗွေများကို ဖယ်ရှားလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ စာဆက်ဖတ်နေသည်။
ယင်းကျောင်းက သူ့၏လှုပ်ရှားမှုအပြည့်အစုံအား မြင်လိုက်ရပြီး သူဘာကိုတွေးမိလဲတော့မသိ ရုတ်တရက်ပြုံးလိုက်သည်။
ဟယ့်ကျိုးက ဘေးမှဖြတ်သွားချိန်၌ သူ့၏အပြုံးကိုမြင်လိုက်သည့်အခါ ဟယ့်ကျိုး၏မျက်နှာအမူအရာက ရုတ်တရက်ရှင်းပြမရနိုင်ဖြစ်လာသည်။
သူက သူ့ဖုန်းကို တိတ်တဆိတ်ထုတ်လိုက်ကာ အဖွဲ့ထဲသို့မက်ဆေ့ချ်ပို့လိုက်သည်။
[အန်ကယ်ဟယ့်] ဒါနဲ့တစ်ယောက်ယောက်က ငါ့လိုခံစားမိကြလား...
[ကျန့်ချွယ်ကမှားနေတယ်]???
[အန်ကယ်ဟယ့်]ဘာလို့ အကိုကျောင်းက ကျင်းစစ်ကို အရမ်းတွယ်ကပ်နေတာလဲ.. သူတို့နှစ်ကြား ငါတို့မသိတဲ့ တစ်ခုခုဖြစ်သွားသေးလား..
[ကျန့်ချွယ်ကမှားနေတယ်] အာ..အာ..သေချာတာပေါ့.. ငါလည်းသူတို့နှစ်ယောက်နဲ့ပတ်သတ်ပြီး တစ်ခုခုလွဲနေတယ်လို့ ထင်နေပေမဲ့ ငါထုတ်မပြောရဲဘူး..
![](https://img.wattpad.com/cover/351828836-288-k146511.jpg)
YOU ARE READING
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
RomanceTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...