Chapter 13
ကျင်းစစ်က စကားတည်သည့်လူမျိုးပင်။ ထိုနေ့က မှတ်စုများရေးရန် နောက်ကျနေပြီ ဖြစ်သော်လည်း တရုတ်ဘာသာရပ်၌ မှတ်စုထုတ်စရာမလိုသော အပိုင်းတစ်ချို့ရှိသည်။
နားချိန်၌ သူက တရုတ်စာစီစာကုံးစာအုပ်ကို ထုတ်လိုက်ကာ ယင်းကျောင်းကို ပြောလိုက်သည်။
”လာမည့်ရက်အနည်းငယ်တွင်းမှာ ဒီစာသင်နှစ်အတွက် ကျက်ဖို့ လိုအပ်ဆဲ့ စာကြောင်းတွေကိုထုတ်ထားပေးမယ်...ကျက်ရတာ အရမ်းလွယ်တယ်..”
သူက စာမျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။
” ’ပုလွေဆရာရှင်း’က နေပြီးစရအောင်..အဓိပ္ပာယ်ကို မင်း နားလည်လား..မင်းနားမလည်ရင် ငါထပ်ရှင်းပြပေးမယ်..အဓိပ္ပာယ်ကို မင်းနားလည်သွားပြီဆိုရင် ကျက်မှတ်ဖို့လွယ်သွားပြီ..”
ယင်းကျောင်းက သူ့ကိုလှည့်ကြည့်လိုက်၏။
စာနှင့်ပတ်သက်လျှင် ကျင်းစစ်၏မျက်နှာ၌ အလေးအနက်ထားသည့် အမူအရာမျိုးရှိသည်။ သူက ဆရာငယ်လေးနှင့်ပင် တူကာအရမ်းချစ်စရာကောင်းလှသည်။
ယင်းကျောင်းက လူယုတ်မာအပြုံးဖြင့် သူ့ခန္ဓာကိုယ်ကိုဖြည့်ညှင်းစွာလှည့်လိုက်ပြီး အရှက်ကင်းစွာ မကြားချင်ယောင်ဆောင်လိုက်၏။
”ဟမ်..မင်းဘာပြောလိုက်တာ..ငါကောင်းကောင်းမကြားလိုက်ရဘူး...”
စားပွဲခုံတစ်ခုံ၌ လူနှစ်ယောက်သာ ရှိသောကြောင့် ကျင်းစစ်သည် သူ့အသံက လုံလုံလောက်လောက်ကျယ်သည်ဟု ခံစားရသည်။ သို့သော်အတန်း(၇)စာသင်ခန်းမှာ အလွန်ဆူညံပြီး သူ့အသံအား ကောင်းစွာ မကြားရသည်မှာလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်သူက သူ့အသံကိုမြင့်လိုက်ပြီး ထပ်ရှင်းပြသည်။
“ဘာတဲ့”
ယင်းကျောင်းက မျက်မှောင်ကျုံ့လိုက်သည်။
”ကောင်းကောင်း မကြားရသေးဘူး...”
သူက သူ့ထိုင်ခုံကို ပျင်းရိစွာ မှီလိုက်ကာ သူ့နားကိုပွတ်လိုက်သည်။

أنت تقرأ
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
عاطفيةTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...