Chapter 33-----------------------
"မလိုပါဘူး..."
ကျင်းစစ်က အသက်ရှုသံများမြန်နေသည်။ သူ တံခါးလက်ကိုင်ဖုကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး အလေးအနက်ပြောလိုက်သည်။
"မလိုဘူး..."
ယင်းကျောင်းက မျက်ခုံးများပင့်သွားသည်။
"ဘာလို့လဲ..."
သူက တံခါး၀မှာပဲရှိနေရင်း ကျင်းစစ်အား ကြည့်နေသည်။
"မင်း ဝူဝေ့ချန်းနဲ့ အချင်းချင်းနောက်ကျောတိုက်ပေးချင်ခဲ့တယ်မဟုတ်လား...ဘာလို့ကိုယ်ကကြတော့ မင်းနဲ့မလုပ်နိုင်ရတာလဲ..."
သူဘာတွေဖြစ်နေမိလဲ ကျင်းစစ်မသိတော့ပေ။
ဝူဝေ့ချန်းနှင့်ပြောဆိုတုန်းက သာမန်အတိုင်း သောက်ကြ စားကြပုံစံအဖြစ်ပြောလိုက်ခြင်းဖြစ်သည်။ ယင်းကျောင်းနှင့်ဆိုလျှင်တော့ ထိုအကြောင်းကိုတွေးမိလိုက်လျှင်ပင် သူရှက်သလိုခံစားမိသည်။
"ငါ..."
သူက အသံတုန်ခါနေသည်။
"မင်းရေမှမချိုး..."
ယင်းကျောင်းက ချက်ချင်းပင် ပြောလိုက်သည်။
"ဒါဆို ကိုယ်အဝတ်တွေချွတ်ပြီး မင်းနဲ့ရေအတူတူချိုးမယ်..."
ကျင်းစစ်၏မျက်နှာ သွေးရောင်ဖြန်းသွားသည်။
ယင်းကျောင်းကမြင်လိုက်သည်နှင့် အပြုံးများမှာပိုမိုနက်ရှိုင်းသွားတော့သည်။ သူ့လက်များကိုမြှောက်ပြီး ကျင်းစစ်၏မျက်နှာကို ညှစ်လိုက်ပြီးကာမှ အနောက်ဆုတ်ကာ လက်လွှတ်လိုက်သည်။
"အိုကေ...မင်းကိုထပ်မစတော့ဘူး...ချိုးတော့..."
သူ့မျက်နှာအား ညှစ်လိုက်တာကို သူဂရုမစိုက်နိုင်ဘဲ အရင်ဆုံး စိတ်လျော့ကာအသက်ရှုနိုင်သွားသည်။ ထို့နောက် တံခါးကို အမြန်ပိတ်လိုက်သည်။
ယင်းကျောင်းက ပိတ်ထားသောရေချိုးခန်းတံခါးကို လှည့်ကြည့်ပြီးနောက် ထွက်သွားကာ ဆိုဖာပေါ်တွင် ထိုင်နေလိုက်၏။

ESTÁS LEYENDO
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
RomanceTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...