Chapter 40-----------------------
တတိယထပ်တွင် သီချင်းသံက ဆက်လက်ထွက်ပေါ်နေသည်။ အေးစက်နေသော လေထုတွင် ဘေးအခန်းတံခါးသည် မိနစ်ပိုင်းမျှ တိတ်ဆိတ်သွားပြီးနောက် ကုလားထိုင်ရွေ့သံ ကြားလိုက်ရသည်။
ထိုလူတို့သည် သူတို့၏ မကျေနပ်ချက်များကို ယခုနည်းလမ်းဖြင့် ဖော်ပြခြင်းဖြစ်နိုင်သည်။
"အိုး မဟုတ်သေးပါဘူး"
ယင်းကျောင်းက သူ၏ဖုန်းကို ကိုင်နေလျက် ပြုံးလိုက်သည်။
"အဲ့ဒါ ကိုယ့်အမှားလား"
သူက ကျင်းစစ် ဘက်ကိုလှည့်လိုက်ပြီး "ကိုယ့်ကို မင်းဖုန်းပါ ငှား ကိုယ်သူတို့ကို အခုလုပ်ခဲ့သလိုမျိုး ကိုယ် သူတို့ အခန်းရှေ့တံခါး၀မှာ ဆဲလ်ဖုန်းနှစ်လုံးကို မကိုင်ဘူးလို့ မင်းထင်လား"
ကျင်းစစ်: "..."
သူယခုလိုမျိုး ထပ်ပြီးလုပ်နိုင်မယ်လို့ ကျင်းစစ် အသေအချာ ယုံကြည်သည်။
"မသွားနဲ့"
ကျင်းစစ်က သူအပြင်ထွက်ပြီး ပြသနာရှာမည်ကို စိုးရိမ်သဖြင့် ခပ်မြန်မြန်သွားပြီး တံခါးကိုပိတ်ရပ်၍ " သွားအိပ်တော့ အခုတိတ်သွားပြီလေ"
ယင်းကျောင်းက တံခါးလက်ကိုင်ကို ကိုင်တော့မလို သူ့လက်ကိုဆန့်ထုတ်လိုက်သည် ကိုမြင်လိုက်၍ ကျင်းစစ် စိုးရိမ်သွားပြီး ယင်းကျောင်းဆီက ဖုန်းကို တိုက်ရိုက် လှမ်းဆွဲကာ ရပ်တဲ့ ခလုတ်ကို နှိပ်လိုက်ပြီး " နားထောင် ဘာသံမှမကြားရတော့ဘူး"
ယင်းကျောင်းက သူ့ကိုငုံကြည့်လိုက်သည်။ ကျင်းစစ်ကအဝတ်အစား သေးသေးလေးတွေ ဝတ်ထားပေမဲ့ ရှက်တယ်လို့ မခံစားရပေ။ သူကအခုထိ သူ့ ကျောင်းရဲ့ ယူနီဖောင်း ဘောင်းဘီကို ဝတ်ထားသေး၏။ သူ့ရဲ့အပေါ်ပိုင်းခန္တာကိုယ်ကို ပါးလွှာတဲ့အဖြူရောင်အင်္ကျီဖြင့် ဖုန်းကွယ်ထားပြီး လှပတဲ့ ညှပ်ရိုးပုံစံကို ပေါ်လွင်စေသည်။
လှပတဲ့ညှပ်ရိုးတွေက သူ့ကို တမင် မြည်းစမ်းကြည့်ချင်လာအောင်ဖိတ်ခေါ်နေ သကဲ့သို့ပင်။ သူ၏မျက်လုံးများအတွင်း အရိပ်တချို့ဖြတ်ပြေးသွားသည်။

ANDA SEDANG MEMBACA
ကျောင်းမြက်ခင်းစိမ်းလေးရဲ့ ရည်းစားဟောင်းအဖြစ်သို့
RomantikaTitle- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်းဘူးမလား... အဲဒါဆို ဘာလို့မချစ်မိတာလဲ... စိတ်မဝင်စားရင် မဖြစ်နိုင်ဘူး... အချိန်အလဟဿကုန်တာပဲ... ကျောင...