Unicode
ဓီရာဒီနေ့တော့ စောစောထရေမိုးချိုးပြီးအသင့်ဖြစ်နေသည်။ အင်္ကျီလဲပြီးတော့ အောက်ထပ်ကိုဆင်းကာ Danielအလာကို စာအုပ်ဖတ်ပြီးထိုင်စောင့်နေသည်။စာအုပ်ဖတ်ပေမဲ့ စာအုပ်ထဲစိတ်မရောက်ဘဲ ဒီနေ့ဘယ်ကိုသွားလည်ရမှာလဲဆိုပြီးသာ ရင်ခုန်နေမိသည်။
"တင်းတောင်!"
ဘဲလ်တီးသံကြားတာနဲ့ ဓီရာထိုင်ရာကထပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
"Bonjour"
"Bonjour Daniel။ လာ အိမ်ထဲဝင်လေ"
"အင်းအင်း"
အိမ်ထဲရောက်တော့ Danielက ဓီရာ့ကိုခေါင်းအစခြေအဆုံးကြည့်ပြီး
"ဒီနေ့ ဓီ အစောကြီးထပြီးပြင်ဆင်ထားတယ်ထင်တယ်"
"ဟုတ်တယ်။ Danielကိုစောင့်ခိုင်းရမှာအားနာလို့လေ"
"ဟုတ်ပါပြီ။ ဒီနေ့outfit လေးလဲ မိုက်တယ်။ ဓီကအတော်ကိုချောတဲ့လူဘဲ"
ရှပ်အင်္ကျီအနက်ကို ကာကီရောင်ဘောင်းဘီတိုနဲ့တွဲဝတ်ထားတဲ့ ရှေ့ကမြန်မာအမျိုးသားလေးက ကြည့်လို့ကောင်းသည်။ အမာရွတ်မရှိတဲ့ခြေသလုံး၊ ဖြူလွန်းလို့ အကြောစိမ်းတွေပါမြင်နေရတဲ့ခြေဖမိုးတွေက ဒူးထောက်ဦးညွှတ်ချင်စရာ။ Danielရဲ့စိတ်တွေက ဓီ့ကိုမြင်ရင်ကို အစိုးမရတော့ဘဲ ချုပ်ထိန်းရခက်လာသည်။ စတွေ့ကတည်းက ဓီ့အပေါ်မှာသူဘယ်လိုစိတ်မျိုးထားလဲဆိုတာ တန်းရိပ်မိပါတယ်။
နှလုံးသားကိုလွတ်လပ်ခွင့်ပေးထားတဲ့သူပါ။
မြင်မြင်ချင်းအချစ်ကိုယုံစားတဲ့သူပါ။
မိန်းမတွေကိုကျော်လွန်ပြီး
ယောက်ကျားတစ်ယောက်ကိုပိုပြီး
မြတ်နိုးမိတဲ့သူပါ။အချိန်တိုလေးအတွင်းမှာ ချစ်မိခဲ့တယ်ဆိုပေမဲ့ သူ့အချစ်တွေကတကယ်ဘဲ ဒီလူသားအပေါ်မှာစစ်မှန်ပါတယ်။
"Danielက ကျွန်တော့်ထက်ပိုမိုက်ပါတယ်ဗျာ။ ဒါနဲ့ Danielကို ကျွန်တော်မေးစရာရှိလို့"
"မေးလေ ဓီ။ ဘာမေးမလို့လဲ"
"Danielတို့ ပြင်သစ်သားတွေက အမြဲတမ်းမိမိုက်ပြီးချောနေကြတာလားဟင်"
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...