Zawgyi
Daniel အလုပ်ရုံရောက်တော့ ဂိုဏ်းသားတွေက Daniel ကိုနှုတ်ဆက်ကြသည်။ မနက်ခင်းကတည်းက ဓီ့ကိုနှုတ်ဆက်ပြီး အလုပ်ရုံကိုလာခဲ့ခြင်းဖြစ်သည်။ Danielရောက်တော့ Rinoကလေဆိပ်သွားဖို့ကားပေါ်ရောက်နေပြီဖြစ်သည်။Rinoကိုနှုတ်ဆက်ပြီး Daniel ဂိုဏ်းသားအချို့နဲ့သွားမဲ့လမ်းကြောင်းကို အသေအချာပြန်ဆွေးနွေးနေသည်။
(French စကားဖြင့်)
"Rhyne"
အနောက်ဘက်ကခေါ်သံကြားတာနဲ့ Danielလှည့်ကြည့်လိုက်တော့ boss။ bossကိုမြင်တော့ Danielကလွဲပြီး ဂိုဏ်းတစ်ခုလုံး bossကိုဦးညွှတ်ပြီးနှုတ်ဆက်ကြသည်။bossက မော့ခိုင်းမှ ပြန်ပြီးခေါင်းမော့ကြသည်။ ပြီးတော့ Danielရုံးခန်းထဲbossကိုခေါ်သွားပြီး Danielရုံးခန်းထဲမှာ bossနဲ့ Danielနှစ်ယောက်ထဲသာရှိသည်။
"Boss ပြောတော့နေ့လည်ခင်းမှရောက်မှာဆို ဘယ်လိုဖြစ်တာလဲ"
"စောစောသွားတော့ ပိုကောင်းလို့လေ။ လမ်းကြောလဲရှင်းလို့"
"ဪ"
"မတွေ့ရတာကြာတော့ ပိုပြီးချောလာသလိုဘဲ Rhyne။ ဘယ်လိုလဲ အဆင်ပြေလား"
"အလုပ်တွေကတော့အကုန်အဆင်ပြေပြေနဲ့လည်ပတ်နေတာ bossလဲသိပြီးသားပါ။ အဆင်ပြေလားဆိုတာဘာကိုမေးချင်တာလဲ boss"
"စတွေ့တုန်းက ဂျစ်ကန်ကန် 24နှစ်သားလေးက အခုထိလဲ ဒီအတိုင်းပါဘဲလား။ငါမေးတာ မင်းသိပါတယ် Rhyne။ မြန်မာနိုင်ငံသားနဲ့ အခြေအနေ"
"ပြေပါတယ် ဒီလိုပါဘဲ"
"မင်းပြောင်းလဲသွားတယ် Rhyne။ မင်းရဲ့စိတ်ခံစားချက်တွေ ပျော့ပျောင်းသွားတယ်။ မင်းမျက်ဝန်းတွေက အဓိပ္ပာယ်တွေပြည့်လွန်းနေတယ်"
"ရှင်သန်ဖို့အကြောင်းအရင်းကို ကျွန်တော်ရှာတွေ့ခဲ့ပြီလေ"
"မင်းတစ်ခုတော့မပြောင်းလဲသေးဘူးသိလား Rhyne။ အဲ့တာက ငါ့ကိုအခုထိမင်းမကြောက်တာဘဲ။ မင်းနဲ့ငါစတွေ့တုန်းကအချိန်ကိုအခုထိငါမှတ်မိတယ်။ အကြောက်တရားမရှိတဲ့ ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေးလေ။ ငါလိုမူးယစ်ရာဇာကိုတောင် ဓားနဲ့ထောက်ရဲပြီး ငါ့လက်အောက်မှာလေ့ကျင့်ထားတာမရှိဘဲနဲ့တောင်
ဂိုဏ်းထဲအရဝင်နိုင်ခဲ့ပြီး ငါအားအကိုးရဆုံးနဲ့အယုံကြည်ရဆုံးဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ကောင်လေး"
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...