Zawgyi
ရက်အနည်းငယ်ကြာသော်..
ဓီရာ နေပြန်ကောင်းတာနဲ့ Daniel ကို Paris က နာမည်ကြီးနေရာတွေကိုထပ်လိုက်ပို့ဖို့ ပြောတော့Danielက နေရာတစ်ခုကိုခေါ်သွားသည်။ မနက်စာအနေနဲ့ Danielကိုယ်တိုင်လုပ်ထားတဲ့ကြိတ်ခေါက်ဆွဲအရည်နှင့်ဝက်ပေါင်ခြောက်sandwichစားသည်။ ဒီနေ့ရာသီဥတုကခပ်အေးအေးလေးဖြစ်နေတော့
နေပြန်ကောင်းခါစမလို့ဆိုပြီး Sweatshirtအဖြူနဲ့ နက်ပြာ စပ်ကြားကိုအောက်ကခံပြီး အပေါ်ကhoodieအဖြူကို Danielကဝတ်ခိုင်းလို့ဝတ်ရသည်။အောက်ပိုင်းကတော့ Alt pant နက်ပြာကိုဝတ်ထားသည်။ Daniel ကတော့ coffeeရောင် sweater နဲ့ cadmium ရောင်Chino pantsကိုဝတ်ပြီး အပေါ်က နက်ပြာရောင် long coat ကိုထပ်ဝတ်ထားသည်။"ကိုယ်တို့ အခုပါရီမှာရှိတဲ့ အလှပဆုံး ရပ်ကွက်တွေထဲကတစ်ခုဖြစ်တဲ့ St Germain-des-Prs ကိုရောက်နေတာလေ။ ဒီရပ်ကွက်က ပြင်သစ်စာပေဒဏ္ဍာရီတွေ ၊ကော်ဖီဆိုင်တွေ၊ အမိုက်စားဆိုင်တွေနဲ့ လှပတဲ့အမွေအနှစ်တွေရှိတဲ့ နေရာတစ်ခု ဓီရဲ့။ကိုယ်တို့တွေ အစာလဲကြေအောင်လမ်းလျှောက်ကြရင်း ဒီရပ်ကွက်ရဲ့အလှတရားတွေကိုခံစားကြည့်ကြရအောင်"
"ဟုတ်ကဲ့ Daniel"
ပြင်သစ်သားရဲ့စကားသံဝဲဝဲလေးအဆုံးမှာ ဓီရာနွဦေးရဲ့အလှတရားကို ခံစားကြည့်သည်။
"ကိုယ်တို့ အခုဘယ်သွားနေလဲဆိုတာ ဓီရာသိလား"
"ဟင့်အင်း။ မသိဘူး Daniel"
"ကိုယ်တို့အခု Saint-Germain-des-Prs ဘုရားကျောင်းကိုသွားနေတာ။ အလယ်ခေတ်ကာလမှာMerovingian ဘုရင် တစ်ပါးက 6 ရာစုမှာတည်ထောင်ခဲ့ပြီးတော့ သူ့ရဲ့ခမ်းနားတဲ့Abbey ရဲ့အရိပ်အောက်မှာ Saint-Germain-des-Prs ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်လေ။ဘုရင်မင်းမြတ်ရဲ့အုပ်ချုပ်မှုအောက်မှာ Abbey ကသူ့ရဲ့Scriptorium အတွက် ၁၁ ရာစုမှာလူသိများခဲ့တာ"
ဘုရားကျောင်းရဲ့အပြင်ပိုင်းပုံစံက သာမန်ကာလျှံကာပေမဲ့လဲ အတွင်းထဲဝင်ကြည့်တော့မှ ခမ်းနားတဲ့အတွင်းပိုင်းတည်ဆောက်ပုံကိုတွေ့ရသည်။ဘုရားကျောင်းကို သေချာလှည့်ပတ်ကြည့်ပြီး ဆုတောင်းခဲ့ကြကာ ပြန်ထွက်လာခဲ့ကြသည်။
"Danielက နေ့တိုင်းchurchကိုသွားနေကျလား"
"မသွားပါဘူး။ ကိုယ်က ဘာသာမဲ့လေ။ ဘယ်ဘုရားကိုမှ ကိုးကွယ်ဆည်းကပ်သူမဟုတ်ဘူး။ ကိုယ်က ဘာသာရေးနဲ့ဆိုင်တဲ့အယူအဆတွေလည်းသိပ်မယုံကြည်ဘူး"
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...