Unicode
Hello readeries !
2023ခုနှစ်ရဲ့နွေရာသီကစတင်ခဲ့တဲ့ ဒီfictionလေးဟာ 2024ရဲ့ မိုးရာသီမှာ အဆုံးသတ်သွားခဲ့ပါပြီ။ အစပိုင်းက one short ဆိုပြီးဖန်တီးခဲ့ပေမဲ့ ဒီဇာတ်ကောင်လေးတွေက elfအတွက် ပထဦးဆုံးအနေနှင့်ပြီးပြည့်စုံစွာ အဆုံးထိတိုင် တမြတ်တနိုးဖန်တီးခဲ့တဲ့ ဇာတ်ကောင်လေးတွေဖြစ်ပါတယ်။
ဒီ ဇာတ်လမ်းလေးကိုစဉ်းစားမိပုံက နိုင်ငံခြားသားနဲ့ပတ်သတ်တဲ့ Fiction လေးကိုဖန်တီးဖို့စဉ်းစားမိတရင်းကနေ Mr. Shah Rukh Khanရဲ့ Pathaanဇာတ်ကားကိုကြည့်မိတော့ အမိမြေပေါ်ထားတဲ့စစ်သားတစ်ယောက်ရဲ့သစ္စာရှိမှုကို ခံစားမိတာနဲ့ အခုလိုဖန်တီးလိုက်တာပါ။ Parisကိုရွေးရတဲ့အကြောင်းကတော့ အချစ်မြို့တော်လို့တင်စားရတဲ့ပါရီမြို့လေးမှာ ဒီဇာတ်ကောင်လေးနှစ်ယောက်ရဲ့ ခြေရာတွေချန်ရစ်ချင်လို့ပါဘဲ။ နွေဦးရဲ့နေရောင်ခြည်လေးဖြစ်အောင် အဝါရောင်ပြင်သစ်သားလေးကို ဖန်တီးခဲ့တာပါ။
ဓီ့ကိုတော့ နွေးထွေးပြီးအထီးကျန်ဆန်တဲ့ နွေဦးရဲဲ့သစ်ရွက်ခြောက်တွေကို သတိရကာ ဖန်တီးခဲ့ခြင်းပါဘဲ။ နွေဦးရဲ့ရွက်ကြွေလေးက နွေဦးရဲ့နေရောင်ခြည်နွေးနွေးလေးနှင့် အလိုက်ဖက်ဆုံးလို့အတွေးတစ်ချက်ဝင်လာလို့ပါ။
စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တဲ့အတွက် မဖြစ်နိုင်တာတွေလဲရှိခဲ့ပါတယ်။ အပြင်လောကနဲ့မယှဉ်ဘဲ စိတ်ကူးယဉ်အနေနဲ့ဘဲတွေးပေးစေချင်ပါတယ်။ ဒီfictionမှာ အမှားတွေပါခဲ့ရင်လဲ elfက အနူးအညွှတ်တောင်းပန်ပါတယ်ရှင်။
ပထမတစ်ခါရေးတုန်းက ဇာတ်ညွှန်းကအခုလောက်မပြည့်စုံတဲ့အပြင် ဟာကွက်တွေနဲ့ပြည့်နေခဲ့ပါတယ်။ အခုတစ်ခေါက်ကလဲ အပြည့်စုံကြီးမဟုတ်ပေမဲ့ elfကစိတ်ကျေနပ်မှုရခဲ့ပါတယ်။ ပထမဆုံးရေးနိုင်ခဲ့တဲ့ mini storyလေးက ဒီလိုမျိုးအချစ်ခံရတဲ့အတွက်လဲelfကအများကြီးဝမ်းသာရပါတယ်။
Fiction ကို စိတ်ရှည်လက်ရှည်နဲ့ ongoing လိုက်ပေးကြတဲ့ readeries လေးတွေတစ်ဦးတစ်ယောက်ချင်းစီကို elfကကျေးဇူးအများကြီးတင်ပါတယ်ရှင်။ အခုလိုအဆုံးတိုင်လိုက်ပါစီးမျောပေးတဲ့အတွက်လဲ ဆာရာငဲရော်။ Daniel နှင့် ဓီတို့ကို အများကြီးချစ်ပေး၊သဘောကျပေးတဲ့အတွက်ရော၊ သဘောတကျဖတ်ပေးကြတဲ့အတွက်ရော၊ အချိန်တွေနှင့်ချစ်ခြင်းတွေအပေါ်မှာ elfက ဖော်မပြတတ်အောင်ကျေးဇူးတင်မိပါတယ်။ reading listလေးတွေထဲ သိမ်းထားပေးတဲ့ notiတက်တိုင်း ကြည်နူးစိတ်ဟာလျှံကျရစမြဲပါ။
အခုဒီလောက်နဲ့ဘဲ Daniel တို့ကိုနှုတ်ဆက်ပါတော့မယ်။ နွေဦးရာသီရောက်တိုင်းမှာ ဒီလူသားလေးနှစ်ဦးက readeries တို့ရင်ထဲစွဲထင်ကျန်ရစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အဝါရောင်လေးတွေမြင်တိုင်း ပျော်ရွှင်ခြင်းတွေ ခံစားမိကြပါစေရှင်။
အခုကတော့ Announcement လေးပါ။
ငိုသင့်သလောက်လဲငိုပြီးပြီဆိုတော့ elfက နောက်ထပ်ဖန်တီးမဲ့ fiction လေးကို romance/comedy typeလေးသွားပါမယ်နော်။ လုံးဝအခွီအရယ်နဲ့ အချိုအရိုပါဘဲ။ ဒီFictionလေးကိုလဲ လိုက်ပါစီးမျောပေးကြပါဦးနော်။Fiction လေးအမည်ကတော့
"မေတ္တာလွှမ်းခြုံ ကုံလုံစေသော်" ဘဲဖြစ်ပါတယ်။
11လပိုင်းမှာ ဒီ Fiction လေးနဲ့ပြန်လာခဲ့ပါမယ်နော်။ဒီကျေးဇူးတင်လွှာလေးကို အဆုံးထိဖတ်ပေးလို့ elfကလဲ readeries လေးတွေကိုအများကြီးချစ်ပါတယ်နော်။ ချစ်စနိုးနဲ့ readeries လို့ခေါ်တာလေးကိုလဲ မငြိုငြင်ကြပါနဲ့ဦးနော်။ သာယာလှပတဲ့နေရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။
ချစ်ခြင်းများစွာဖြင့် elf 🤍
30/9/2024(Monday)
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...