Zawgyi
မနက်ခင်းနိုးလာတော့ ပြတင်းပေါက်ကတစ်ဆင့် ဖြတ်ဝင်လာတဲ့ နေရောင်ခြည်တွေက ဓီရာ့ကိုလွှမ်းခြုံထားလေသည်။ ဘာလိုလိုနဲ့ အသက်တောင် 1နှစ်ကြီးလာပြန်ပါလား။ ကုတင်ပေါ်ကဆင်းပြီး အောက်ထပ်ကိုဆင်းသွားတော့ Danielက လှေကားခြေရင်းကဆီးကြိုပြီး
"Good morning ဓီ။ ဒီနေ့ ဓီ့မွေးနေ့မှာ ကိုယ်supriseတစ်ခုစီစဉ်ထားတယ်"
"Supriseဟုတ်လား ဘာပါလိမ့်"
"သိချင်တယ်မလား။ သွား အရင်ရေသွားချိုးလိုက်။ ပြီးရင် သိရလိမ့်မယ်"
"အင်းအင်း။ ကျွန်တော်ရေသွားချိုးလိုက်ဦးမယ်အဲ့တာဆို"
"အင်း"
အပေါ်ပြန်တက်ပြီး ရေသွားချိုးတဲ့ ဓီ့ကိုကြည့်ပြီး Daniel အောက်ထပ်ကအခန်းထဲကိုဝင်သွားလိုက်သည်။
ဓီရာရေချိုးပြီး အင်္ကျီဝတ်ဖို့ ဗီရိုလှပ်လိုက်တော့ အညိုရောင် Chino pant တစ်ထည်နဲ့ ကာကီရောင် shirtလက်ရှည်တစ်ထည်နဲ့အတူ ကော်ဖီရောင် long coatကိုတွေ့ရသည်။
" Danielပြောတဲ့ superiseဆိုတာ ဒါများလား"
ဓီရာ outfitကိုအပြည့်အစုံဝတ်ပြီး အောက်ဆင်းသွားတော့ အနက်ရောင်စပို့ရှပ်နဲ့ အပေါ်က leather double rider jacketအနက်ရောင်
နဲ့အတူ အနက်ရောင် straight leg trousers ကိုဝတ်ထားတဲ့ ခပ်ချောချော ပြင်သစ်သားလေးကိုတွေ့ရသည်။ ဒီလိုဝတ်ထားတာ တကယ်Danielနဲ့လိုက်ဖက်လွန်းသည်။"Daniel ပြောတဲ့supriseဆိုတာဒါလား"ဆိုပြီး ခန္ဓာကိုယ်ကိုလှည့်ပြလိုက်တော့
"ဒါက အသေးစားလေးပါ။ နောက်ထပ်တွေအများကြီးကျန်သေးတယ်။ လာ နောက်ထပ်တစ်ခုကိုယ်ပြမယ်" ဆိုကာ ဓီရာ့ကိုအိမ်အပြင်ဘက်ခေါ်သွားသည်။
အိမ်အပြင်ရောက်တော့ 2018ခုနှစ်ထွက် Suzuki motorcycleတစ်စီးကိုတွေ့လိုက်ရသည်။
"ဒီဆိုင်ကယ်က.."
"အာလာဒင်ကဂျက်စမင်ကို အလည်အပတ်ခေါ်တုန်းက ကော်ဇောပျံနဲ့ ခေါ်တယ်မလား။ ကိုယ်ကကျ ဓီ့ကိုဒီဆိုင်ကယ်နဲ့ခေါ်သွားမှာ"
"ဆိုတော့ ဒီနေ့ဆိုင်ကယ်နဲ့လျှောက်လည်ကြမယ်ဆိုတဲ့သဘောပေါ့"
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomansaCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...