About Donation

59 0 0
                                    

Unicode

Hii! Elfပါရှင်။

အခုကဒီစာကိုတင်လိုက်တဲ့အဓိကအကြောင်းက
ရေဘေးအလှူအတွက်ပါ။ အခုလတ်တလောမှာ နိုင်ငံတစ်ဝှမ်းရေကြီးတဲ့ဒုက္ခကိုရင်ဆိုင်နေကြရတာ အားလုံးလဲသိပြီးသားဖြစ်မှာပါ။ ရေဘေးအတွက်လိုအပ်တဲ့အကူအညီတွေကို လှူကြဖို့elfကတိုက်တွန်းတာပါရှင်။ elfကိုယ်တိုင်လဲရေဘေးအတွက်ကူတဲ့အဖွဲ့တွေဆီမှာလှူထားတာမလို့။ တစ်သီးတစ်သန့်အလှူကနေ ဘုံအလှူဖြစ်ချင်တဲ့စိတ်ကြောင့် elf က ဒီအစီအစဉ်ကိုချမှတ်လိုက်တာပါ။

အစီအစဉ်ကတော့ ရေဘေးအတွက်လှူထားတဲ့ screenshot လေးတွေပြပေးပြီးတော့ one short တစ်ပုဒ်ကိုတောင်းလို့ရပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းအလှူမဖြစ်စေချင်တဲ့အတွက် လာပြတဲ့သူ 15ယောက်ပြည့်ရင် elf က တင်ပေးဖို့ အများတောင်းဆိုတဲ့ ခေါင်းစဉ်ကိုတင်ပေးမှာပါရှင်။ ဝမ်းနည်းစရာ၊စိတ်ဆင်းရဲစရာတွေများနေတဲ့ကာလမှာ bl romance/comedy  သုံးပုဒ်နဲ့ gl နှစ်ပုဒ်တို့နဲ့ စာဖတ်သူတွေကိုပျော်ရွှင်စေချင်ပါတယ်ရှင်။

ခေါင်းစဉ်လေးတွေကတော့ (For blပါရှင်)

No. 1 -  1% of 528 (1500 friendship )
ဟိန်းထွဋ်ဇေယျာ + ထည်ဝါဂုဏ်

No.2 -  Chapter Mango In Lovology
လင်းကောင်းမြတ်သာ + ကြယ်စင်ထူး

No.3 - "မေတ္တာလွှမ်းခြုံ ကုံလုံစေသော်"
ဩရသ + သုခပြည့်စုံ

No.4 -  "ကံကော်တစ်ပွင့် ခူးဆွတ်လိုလျှင်"
ယုယမွန်သော် + ကံ့ကော်ငြိမ်း

No. 5 -  "ဟေမာန်ဆောင်းရယ် ချမ်းလှတယ်
                ချစ်သူထွေးလို့ နွေးစေကွယ်"
ခင်သီရိခေတ် + ပိုးဖြူမွေ့

ကိုယ်လှူထားတာကို ssလာပြပြီး တစ်ခါထဲနံပါတ်လေးတပ်ပေးသွားပါနော်။ အကုန်လုံးကို elfကတတ်နိုင်သလောက်ပါဝင်ပေးစေချင်ပါတယ်ရှင်။ ရောင်းတာလဲမဟုတ်တာကြောင့် ssပြပေးရုံလေးဆိုတော့ပိုလွယ်ကူပါတယ်။ ရေဘေးတိုက်ရိုက်လှူတာမျိုးမဟုတ်တောင် စာအုပ်မဲဝယ်တာမျိုး၊ pdf  file ဝယ်ထားတာမျိုး၊ တစ်ဆင့်ပြန်လှူပေးတဲ့နေရာတွေမှာလှူတာမျိုးလဲရပါတယ်။ စာအုပ်မဲမျိုးဆို ကိုယ်လှူတဲ့ssနဲ့ စာအုပ်မဲ post ssလေးတွဲပြပေးစေချင်ပါတယ်ရှင်။

နီးစပ်ရာကိုယ်နဲ့ခင်တဲ့သိတဲ့အသိမိတ်ဆွေတွေကိုလဲ ပြောပြပေးပြီး အဲ့ssများနဲ့လဲလာတောင်းလို့ရပါတယ်။ အဓိကကလှူဖို့ပါဘဲနော်။ မလှူရသေးလို့ လှူချင်တဲ့သူများကလဲ elf ရဲ့telegram မှာ လှူလို့ရမဲ့ linkလေးတွေလာတောင်းလို့ရပါတယ်ရှင့်။

Tele acc - @elf_viiii ပါ
Ssလေးတွေကိုလဲ telegramကိုဘဲလာပြပေးပါနော်။
အဆုံးထိဖတ်ပေးကြတဲ့သူများကိုလဲ elfကကျေးဇူးအများကြီးတင်ပါတယ်ရှင်။
ပြောတဲ့ထဲမှာ အမှားတစ်စုံတစ်ရာပါသွားခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါဦး။အားလုံးဘဲ သာယာချမ်းမြေ့တဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင့်။

13/9/2024( Friday)


Spring scenario from Eiffel-Town      (အီဖယ်မြို့မှနွေဦးပုံပြင်)Where stories live. Discover now