SSFE-T -- 6(Uni)

75 5 0
                                    

Unicode

"ကျစ်....."

ခေါင်းထဲကတဆစ်ဆစ်ကိုက်နေပြီး ‌နားထင်ကိုလက်နဲ့ဖိကာ ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ဂိုဒေါင်ကရုံးခန်းထဲမှာပင်။

Daniel မနေ့ကအသောက်များပြီး ဒီမှာဘဲအိပ်ဖြစ်သွားတယ်ထင်တယ်။ နိုးလာတာနဲ့ တစ်ကိုယ်လုံးကကိုက်ခဲနာကျင်နေပြီး ဒူးခေါင်းကအနာကတဆစ်ဆစ်ကိုက်လာပြီး လက်‌ကဒဏ်ရာတွေကလဲရောင်နေသည်။ မနေ့ညက ရလာတဲ့ဒဏ်ရာတွေက ဒီမနက်မှ‌သိသိသာသာကိုက်ခဲနေသည်။

ရေဆာတာနဲ့ ရေ‌သောက်မလို့ အားယူပြီးထဖို့လက်ထောက်လိုက်တော့ လက်ဆစ်ကပါဖူးယောင်နေလေသည်။ မျက်နှာချင်းဆိုင်က အလုပ်စားပွဲရဲ့အထက်က နံရံကိုကြည့်လိုက်တော့ ခြောက်နေတဲ့သွေးကွက်တွေနဲ့သွေးစီးချောင်းတွေ။ ဖြည်းဖြည်းချင်းမတ်တပ်ရပ်ပြီး ရေခဲသေတ္တာနားသွားတော့ ကြမ်းပြင်ကဖန်ကွဲစက ခြေထောက်ကိုလာစိုက်သည်။ အားနဲ့ဖိပြီးလျှောက်နေတာမလို့ ခြေဖနောင့်အတွင်းပိုင်းထိ စိုက်ဝင်နေသည်။ စိုက်ဝင်နေတဲ့ဖန်ကွဲစကို လက်နဲ့ဆွဲထုတ်ပြီး ရေခဲသေတ္တာဆီသာရောက်အောင်လှမ်းလိုက်သည်။

ရေသောက်ပြီး ‌မျက်နှာမော့ကာအဲ့ရေကို မျက်နှာပေါ်လောင်းချလိုက်တော့မှ ခေါင်းနောက်တာသက်သာသွားသည်။  နည်းနည်းလန်းသွားမှ ‌ရုံးခန်းတစ်ခုလုံးကိုခြုံကြည့်လိုက်တော့ ကြမ်းပြင်မှာဖန်ကွဲစတွေနဲ့ပန်းချီကားတွေပြန့်ကြဲကာ အလုပ်စားပွဲမှာရှိသမျှပစ္စည်းတိုင်းလဲ ရိုက်ချိုးခံထားရပြီး တစ်ခုမှအကောင်းမရှိတော့ဘဲ ရုံးခန်းတစ်ခုလုံးစုတ်ပြတ်နေသည်။ တစ်ညလုံးသောင်းကျန်းခဲ့တာဘဲ...။

ဆိုဖာပေါ်ပြန်ထိုင်‌‌ရင်း ဖုန်းကိုကြည့်လိုက်တော့ 11:00 am။ လုပ်စရာလဲရှိ၊ ခန္ဓာကိုယ်အနံ့အသက်ကလဲမကောင်းတော့ ‌ရုံးခန်းထဲကရေချိုးခန်းမှာဘဲရေချိုးလိုက်သည်။ ဒဏ်ရာတွေက ရေထိတော့ စပ်သည်။  မှန်ထဲကြည့်မိတော့ မျက်နှာတစ်ခုလုံးဖူးယောင်ပြီး အညိုကွက်တွေအပြည့်။ နှုတ်ခမ်းထောင့်စွန်းက ဒဏ်ရာကိုလျှာနဲ့ထိကြည့်တော့မှ တော်တော်နာမှန်းခံစားမိသည်။

မနေ့ညကအကြောင်းတွေပြန်စဉ်းစားမိတော့ Daniel ရင်မှာ တဆစ်ဆစ်။

Spring scenario from Eiffel-Town      (အီဖယ်မြို့မှနွေဦးပုံပြင်)Where stories live. Discover now