Song recommended - သူ့အချစ်(ဟန်ထွန််း)Unicode
လွန်ခဲ့တဲ့နှစ်ရက်က ဓီရာ့ရဲ့သွေးဖြူဥအားနည်းတဲ့ရောဂါကြောင့် ဆေးခန်းသွားပြရသေးသည်။ အငိုလွန်ပြီးဖျားတာကနေ ရောဂါကပြန်ထလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံပြန်ရောက်မှ သွေးသွင်းမယ်လို့စီစဉ်ထားပေမဲ့ ဘယ်လိုမှမတတ်သာတဲ့အခြေအနေကြောင့် ဒီမှာဘဲဆေးသွင်းလိုက်ရသည်။ ဓီရာ့သွေးအမျိုးအစား O(minus)နဲ့တူတဲ့အလှူရှင်ကိုအမြန်ဆုံးရှာတွေ့လို့ တော်သေးသည်ဟုပြောရမည်။ ထိုသွေးလှူရှင်ကိုဓီရာမြင်လဲမမြင်လိုက်ရသလို ကျေးဇူးလဲမတင်လိုက်ရပါ။ ဒေါက်တာ့ကိုအလှူရှင်နာမည်မေးတော့လဲ ထိုအလှူရှင်ကပြောမပြဖို့တောင်းဆိုသွားလို့ဆိုပြီးပြောမပြပေ။ တကယ်ထိုအလှူရှင်ဟာဘယ်သူလဲဆိုတာ ဓီရာသိချင်မိသည်။
သိချင်တဲ့စိတ်ကြောင့် ညဘက်တွေမှာမအိပ်နိုင်။ သိချင်တဲ့စိတ်ကြောင့်ဆိုတာထက် အဲ့ဒီ့အလှူရှင်ဟာ Daniel များလား ဆိုတဲ့စိတ်ကြောင့်ဆို ပိုမှန်လိမ့်မည်။ အကိုဇုန့်ကိုမေးတော့ သူလဲမသိဘူးဟု ငြင်းသည်။ Daniel သာဆို အကိုဇုန်ကအမှန်အတိုင်းပြောပြမှာပင်။"ဓီရာ ဘာတွေတွေးနေပြန်တာလဲ"
"အလှူရှင်အကြောင်းပါ အကိုရယ်"
"Daniel လို့ထင်နေတုန်းလား။ သူမဟုတ်ဘူး ဓီရာရဲ့ သူသာဆိုအကိုကငါ့ညီကိုဘာလို့လိမ်မလဲ။ ပြီးတော့အဲ့ကောင်သွေးက Bသွေး"
"အဲ့ဆိုဘယ်သူလဲမသိဘူးနော်။ တွေ့ချင်လိုက်တာ။ ဘာရယ်မဟုတ်ကျေးဇူးတင်ချင်လို့ပါ"
"ဟုတ်ပါပြီ။ အခုတော့အပေါ်ထပ်ဝတ်လိုက်ဦး။ အပြင်ကလေတိုက်တော့အေးမှာ"
အကိုဇုန်လှမ်းပေးတဲ့ အပေါ်ထပ်cardiganလေးထဝတ်လိုက်သည်။ ဒီနေ့ Seineမြစ်ကို ဖြတ်ပြီးတံတားတည်ထားတဲ့ တံတားတစ်ခုဖြစ်တဲ့ "Le Pont Neuf"ကိုသွားမှာဖြစ်သည်။ အကိုဇုန်က လိုက်ပို့ပေးမယ်ပြောလို့ ဒီနေ့သွားကြမလို့ပင်။လေကောင်းလေသန့်ရှူရင်း ပြင်သစ်မြို့ရဲ့အလှတရားကိုတစ်ဝကြီးခံစားကြည့်မည်။
အလှတရား..... ရှုခင်းတွေက အဲ့လူမပါရင်ပြည့်စုံပါ့မလား။
တိုက်ဆိုင်မှုတွေရှိလို့ သတိရတိုင်း
ကျွန်တော်ဟာ ခင်ဗျားရဲ့အမည်နာမကိုဘဲ
ရေရွတ်တမ်းတမိနေတာဆိုရင်
ခင်ဗျားယုံနိုင်ပါ့မလား။
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...