SSFE-T (Final P- 2)

45 2 0
                                    

Unicode

အေးချမ်းလှတဲ့တောင်ပေါ်ရွာလေးမှာ နွေးထွေးလှတဲ့ရယ်သံတွေဟာ လွင့်ပျံ့လို့နေသည်။ ကလေးတွေရဲ့စာအံသံက တောင်တစ်ခွင်ကိုဖုံးလွှမ်းထားလေသည်။
နွေဦးရဲ့အလင်းရောင်လေးက သူတို့နှစ်ယောက်ပေါ် ဖြန့်ကျက်ကာအနွေးဓာတ်ပေးနေသည်။ ဆုပ်ကိုင်ထားတဲ့လက်လေးကို ရင်ဘတ်နားကပ်ကာ ဘေးကလူကို ငုံ့နမ်းတော့ ချစ်သောလေးရဲ့မျက်နှာဟာ သွေးရောင်လွှမ်းသွားပြီး Daniel ကိုမော့ကြည့်နေပါသည်။

ဒီလူသားဟာ သူ့ရဲ့အရာရာကို အဓိပ္ပာယ်ရှိစေခဲ့တဲ့သက်ရှိလေးပါဘဲ။ နွေဦးရာသီရဲ့ ကံကောင်းခြင်းလေးဟာ နွေဦးရာသီလိုအစဉ်နွေးထွေးစေခဲ့ပါသည်။ "Daniel ကို အများကြီးချစ်တယ်နော်" လို့ ချစ်သောဆိုတိုင်း သူ့ဘဝသစ်တောမှာပျော်ရွှင်ခြင်းလိပ်ပြာတွေဝဲပျံမြဲပါဘဲ။

မွေးရပ်မြေကဖူးစာလေးဟာ တိုင်းတစ်ပါးသားလေးနဲ့ပေါင်းစပ်ဖို့ပါတဲ့။ ဒီမြန်မာနိုင်ငံသားလေးက ပြင်သစ်ကိုခဏတာအလည်လာခဲ့ပြီး ပြင်သစ်သားရဲ့နှလုံးသားကိုတော့တစ်သက်စာအပိုင်ယူသွားလေရဲ့။ ဘာအဓိပ္ပာယ်မှမရှိခဲ့တဲ့ နယ်စပ်စောင့်ဗိုလ်ရဲ့ဘဝကို ချိုမြိန်ခြင်းသကာရည်တွေ လောင်းပေးခဲ့ပါသည်။ အပိုင်လိုချင်တာရှားလွန်းတဲ့သူ့ဘဝမှာ အညိုရောင်မျက်ဝန်းလေးကိုတော့ အပိုင်လိုချင်ခဲ့မိတယ်။ ဒီလူသားနဲ့မှမဟုတ်ရင် သူဆိုတဲ့ဖြစ်တည်မှုကကွယ်ပျောက်သွားလောက်အောင်ကို ဒီလူသားလေးက သူ့အတွက်အများကြီးအရေးပါတဲ့သူပါ။

Mission တစ်ခုအတွက် ကြိုးပမ်းနေရတဲ့သူက သေခြင်းတရားနဲ့ရှင်သန်ခြင်းတရားကြားမှာ လွန်ဆွဲနေရတယ်။ မပျော့ညံ့တတ်အောင်၊ အားနည်းချက်မရှိအောင်၊ ဟာကွက်မရှိအောင် ‌လေ့ကျင့်ခဲ့ရတဲ့တပ်သားတစ်ယောက်ရဲ့နှလုံးသားက အချစ်ရေးရာ‌ဆိုတာဘာမှန်းတောင်မသိခဲ့ရဘူး။ သူသိတဲ့တစ်ခုတည်းသောအရာဟာ အမိမြေအပေါ် သစ္စာစောင့်သိပြီး အမိမြေလိုအပ်ချိန်တိုင်းကာကွယ်ဖို့ရန်အ‌သင့်ရှိနေခြင်းပါဘဲ။ မွေးရပ်မြေ တစ်ဖြစ်လဲ ပြင်သစ်နိုင်ငံဟာ သူ့အတွက်‌တော့ အရာအားလုံးပါဘဲ။ ဒီမှာဘဲမွေး၊ ဒီမှာဘဲကြီးပြင်းပြီး ဒီမြေရဲ့မေတ္တာငွေ့ကိုဘဲခိုလှုံခဲ့သူမလို့ အမိမြေဟာသူ့အတွက် အရေးအပါဆုံးသောတန်ဖိုးရှိတဲ့ရတနာတစ်ပွင့်ပါ။

Spring scenario from Eiffel-Town      (အီဖယ်မြို့မှနွေဦးပုံပြင်)Where stories live. Discover now