Unicode
[Diyar's POV]
ဒီအပိုင်းက ဓီရာဘက်ကအတွေးအထင်နဲ့ viewကိုအရင်ဆုံးဖော်ပြသွားမှာပါနော်။ Daniel's POVလဲလာဦးမှာပါ။ ဇာတ်သိမ်းကနှစ်ပိုင်းပါနော်___________________________________________
Present time - 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အေးချမ်းလှတဲ့တောင်ပေါ်ရွာလေးတစ်ရွာမှာ နွေဦးရာသီရဲ့ရွက်ကြွေတွေဟာ လှပစွာပင်မြေနီလမ်းလေးကို တန်ဆာဆင်နေကြသည်။ တစ်ချက်တစ်ချက်တိုက်ခတ်သွားတဲ့ လေညှင်းလေးထဲမှာ ချမ်းစိမ့်စိမ့်အအေးဓာတ်လေးကပ်ငြိနေ၏။ တောင်ပေါ်အမြင့်တစ်နေရာက စာသင်ကျောင်းလေးထံမှ ကလေးငယ်လေးများ၏ စာဆိုသံဟာ ထိုတောင်၏ပတ်ဝန်းကျင်ကိုလွှမ်းခြုံထားလေသည်။
ထိုတောင်ပေါ်ကနေ ရှုခင်းကိုတစိုက်မတ်မတ်ငေးကြည့်နေတဲ့ လူတစ်ယောက်။ အဲ့လူရဲ့သဏ္ဍာန်ဟာ အေးချမ်းတည်ငြိမ်လှသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာလက်သန်းကြွယ်ရှိ လက်စွပ်လေးတစ်ကွင်းကလွဲပြီး ဘာအဆောင်အယောင်မှမရှိ။ သွေးကြောမျှင်လေးတွေအတိုင်းသားပေါ်နေတဲ့ပါးဖွေးဖွေးလေးမှာ လေဒဏ်ကြောင့် နီမြန်းနေသည်။ တောင်အောက်ရှူခင်းကိုကြည့်ကာ ဒိုင်ယာရီစာအုပ်လေးကို ရင်ဝယ်ပိုက်ထားရာက ဒိုင်ယာရီစာအုပ်လေးကိုလှန်ဖတ်ကာ မျက်ရည်ကျနေတဲ့ထိုလူကို ရွက်ကြွေများက နှစ်သိမ့်နေသလိုပင်။
"ဘာလိုလိုနဲ့ နွေဦးတောင် ထပ်ရောက်လာပြီဘဲ"
ပုခုံးပေါ်ကနေအောက်ကိုကျသွားတဲ့ ရွက်ကြွေလေးတစ်ရွက်ကို ဓီရာကောက်လိုက်ကာ ဒိုင်ယာရီစာအုပ်လေးထဲညှပ်ကာ ပြောလိုက်သည်။
ဓီရာ ဒီရွာလေးကိုရောက်နေတာ ငါးနှစ်ရှိပြီဖြစ်သည်။ ရွာလေးက အရင်ခေတ်က စော်ဘွားတွေကြီးစိုးတဲ့ရွာလေးတစ်ရွာဖြစ်ပြီး အခုထိလဲစော်ဘွားမျိုးရိုးဆက်တည်တံ့နေဆဲပင်။ အေးချမ်းလှတဲ့ဒီရွာလေးက ရွာသူရွာသားများကလဲစည်းလုံးညီညွတ်ကြသည်။ အေးအေးချမ်းချမ်းဖြင့် လယ်ယာလုပ်ငန်းနှင့်စိုက်ပျိုးရေးကိုသာ တစိုက်မတ်မတ်လုပ်ကြသည်။ စက်မှုလုပ်ငန်းတွေ၊ စက်ရုံတွေမရှိတဲ့နေရာလေးမလို့ လေထု၊ရေထုကလဲသန့်ရှင်းသည်။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြတဲ့သူတွေမလို့ စိတ်ရင်းစေတနာကောင်းတာတော့ အထူးပြောစရာပင်မလိုတော့ပါ။
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...