SSFET-- 8(uni)

58 2 0
                                    

Unicode

မနက် 3 နာရီကထဲကရွာနေသည့်မိုးသည် သည်းသည်းမည်းမည်းရွာနေတုန်းပင်။ မိုးအေးအေးနဲ့အိပ်လို့ကောင်းလှတဲ့မနက်ခင်း၌ မီး‌ဖိုချောင်မှာချက်ပြုတ်ခြင်းအလုပ်တွေဖြစ်တဲ့ လှီးလိုက်၊ဖြတ်လိုက်၊ကြော်လိုက်၊ပြုတ်လိုက်နဲ့ Daniel တစ်ယောက်‌တော့အလုပ်ရှုပ်နေလေသည်။ တစ်ညလုံးမအိပ်ရသေးပေမဲ့လဲ ဓီရာစားဖို့အတွက်ချက်နေရတာမလို့ ပင်ပန်းတယ်လို့မထင်မိ။

အင်း....။ အချစ်ဆိုတာ ဒါဘဲနေမှာပါ
သိပ်ချစ်မိသွားတော့လဲ အဲ့လူအကျိုးကိုကိုယ့်အတ္တထက်တောင်ပိုရှေ့တန်းတင်တာမျိူး ။

ပွက်လာတဲ့ဟင်းရည်အိုးကို အဖုံးလှပ်လိုက်တော့ ပျံတက်လာတဲ့အငွေ့တွေနဲ့ ဂျင်းနံ့သင်းသင်းလေးက နှာခေါင်းဝကို လာဝေ့လေသည်။ အရသာတစ်ချက်မြည်းကြည့်လိုက်တော့ အနေတော်ပင်။ နောက်ဆုံးတော့ Daniel ရဲ့ own menu ဖြစ်တဲ့ ကြက်သားပေါင်းခေါက်ဆွဲပြုတ်ချိုလေးရသွားပါပြီ။

ကြက်သားကိုသေချာအဆာပလာတွေနဲ့နှပ်ထားပြီး ဂျင်းလေး‌နဲ့ခဏပြုတ်ကာ ချရမဲ့အနေအထားရောက်တော့ ဂျင်ဆင်းနဲ့တစ်ခါပြန်ပေါင်းလိုက်သည်။ ခုနကကြက်သားပြုတ်ထားတဲ့ထဲကို မနက်4နာရီကထဲကကိုယ်တိုင်ကြိတ်ထားတဲ့ခေါက်ဆွဲထည့်ကာ ရေလေးနည်းနည်းထပ်ထည့်၍ ပြုတ်လိုက်သည်။ လိုတဲ့အဆာပလာတွေထည့်ပြီး sausage ထည့်ကာ တည်ထားလိုက်သည်။ ခေါက်ဆွဲအနေတော်ဖြစ်တော့ ပေါင်းထားတဲ့ ကြက်သားနှင့် သွေးအားနည်းတာအတွက်ကောင်းတယ်ဆိုလို့ မရမကရှာဝယ်ထားတဲ့ဟင်းနုနွယ်ရွက်ကိုထည့်ကာ ၃မိနစ်လောက်ထပ်တည်ပြီး ချလိုက်သည်။ ပန်းကန်ထဲ‌သေချာထည့်ပြီး အပေါ်ကနေအလှဆင်ဖို့မွှပြီးချန်ထားတဲ့ကြက်သားကိုတင်ကာ အဆုံးသတ်လိုက်သည်။

‌ကိုယ်ချက်ထားတဲ့ဟင်းကိုကြည့်ပြီး သဘောတကျပြုံးလိုက်မိသည်။ ကြက်ဥပူတင်းလဲရနေမလို့ ovovenထဲကထုတ်လိုက်ပြီး အပေါ်ကနေ ပျားရည်လေးဆမ်းလိုက်သည်။ dairy တွေကသွေးအားနည်းရောဂါအတွက်မကောင်းလို့ နွားနို့အစား လိမ္မော်ရည်ကိုအသုံးပြုကာ လုပ်ထားသည်။ ပျားရည်ကအကောင်းဆုံးဓာတ်စာဆိုလို့ ပျားရည်ဆမ်းခြင်းဖြစ်သည်။

Spring scenario from Eiffel-Town      (အီဖယ်မြို့မှနွေဦးပုံပြင်)Where stories live. Discover now