Unicode
ညက Rinoဖုန်းဆက်ကာ "Daniel မင်းမြန်မာနိုင်ငံသားနဲ့ ပတ်သတ်ပြီးပြောစရာရှိတယ်။ အခုချက်ချင်း ဂိုဏ်းကိုလာခဲ့။ Boss မင်းကိုခေါ်နေတယ်" ဟုပြောသောကြောင့် ဂိုဏ်းကိုရောက်နေခြင်းဖြစ်သည်။ Boss ကမင်းကိုခေါ်နေတယ်ဆိုတဲ့စကားကြောင့်မဟုတ်ဘဲ မင်းမြန်မာနိုင်ငံသားနှင့် ပတ်သတ်လို့ပြောစရာရှိတယ်ဆိုတဲ့စကားကြောင့်ပင်။ သေချာပေါက် Boss ကတစ်ခုခုလုပ်တော့မည်။
ညကဂိုဏ်းကိုရောက်သွားတော့ ဂိုဏ်းသားထဲကလေ့ကျင့်ရေးမှူးနှင့် bossတို့စကားပြောနေရာက Daniel ရောက်လာတော့ လေ့ကျင့်ရေးမှူးကထွက်သွားသည်။ Bossက ရုံးခန်းထဲဝင်သွားတော့ Daniel ပါလိုက်သွားလိုက်သည်။ ဘေးမှာတော့ Rinoကရပ်နေသည်။ Boss က Rinoကို သူ့ဘေးနားထိုင်ခိုင်းလိုက်ပြီး Daniel ဘက်လှည့်ကြည့်လာသည်။
သေချာပေါက် Rinoနဲ့ Boss ကြားမှာ ဂိုဏ်းခေါင်းဆောင်နှင့်ဂိုဏ်းသားနဲ့ထက်ပိုတဲ့ဆက်ဆံရေးရှိမှန်း Daniel သိနေသည်။ ပုံမှန်ဆို Rinoက Daniel အောက်ကရာထူးမလို့ bossနဲ့ Daniel ရဲ့စကားဝိုင်းမှာ သူပါ၍မရပေ။ အခုက Rinoက Daniel နဲ့တန်းတူလိုပင်ဖြစ်နေသည်။ Daniel ထက်အရင်ရောက်လို့ အခုလိုဦးစားပေးတယ်ပြောရအောင်ကလဲ Rinoထက်အရင်ဝင်တဲ့သူတွေတောင် ဒီလိုအခွင့်အရေးမရှိ။
(ပြင်သစ်ဘာသာဖြင့်)
"Daniel။ မင်းအတွက်အလုပ်တစ်ခုရှိတယ်။ Scotland ဘက်ကိုပစ္စည်းသွားပို့ပေးရမယ်။ ဒီညသွားရမယ်"
"ရတယ်လေ ။ Rinoပါ ပါမှာမလား"
"Rinoက ပစ္စည်းအထုတ်အသွင်းကိုတစ်ချက်သွားစစ်ရမှာမလို့ လိုက်လို့မဖြစ်ဘူး။ မင်းတစ်ယောက်ထဲသွားရမှာ။ ရော့ ဒီမှာပစ္စည်း။ လေယာဉ်လဲစီစဉ်ထားတယ်။ ဟိုရောက်ရင် ဖောက်သည်ဆီသွားဖို့လဲမင်းပူစရာမလိုဘူး"
"အင်း"
"မင်းနဲ့အမြဲအခုလို လက်တွဲပြီးအလုပ်လုပ်ချင်တယ် Daniel ။ မင်းကခေါင်းဆောင်ကောင်းတစ်ယောက်၊ တပည့်ကောင်းတစ်ယောက်ဘဲ။ ငါလက်မလွှတ်ချင်ဘူး "
"လက်လွှတ်ရမဲ့ကိစ္စမျိုးမလုပ်နဲ့ပေါ့ ရှင်းပါတယ်"
ပစ္စည်းထည့်ထားတဲ့ အိတ်ကိုစစ်ရင်းပြန်ပြောပြီး ပစ္စည်းတွေပြည့်တော့ ဇစ်ကိုပိတ်ကာ မတ်တပ်ရပ်လိုက်ရင်း
YOU ARE READING
Spring scenario from Eiffel-Town (အီဖယ်မြို့မှနွေဦးပုံပြင်)
RomanceCity of Love and artလို့ တင်စားကြတဲ့Parisမြို့တော်၌ ရေစက်ဆုံခဲ့ကြတဲ့ကောင်လေးနှစ်ယောက်ဟာ ကံကြမ္မာဇာတ်ဆရာရေးဆွဲပေးတဲ့ဇာတ်လမ်းမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ကြပါ့မလား။ သူတို့ကိုဆုံစေခဲ့တဲ့နွေဦးဟာ လှပနိုင်ပါ့မလား။ နွေဦးနဲ့ပတ်သတ်ပြီးရေးထားတဲ့ Fictionလေ...