Part 4

220 27 0
                                    

Unicode

"ဒါနဲ့ ယုံဘို့...မင်း မျက်နှာက ဘာဖြစ်လာတာလဲ။ ခုနကကောင်တွေ လုပ်ထားတာလား"

မနေ့ညက အဖြစ်အပျက်ကြောင့် အနည်းငယ်ဖူးယောင်နေသေးသည့် မျက်လုံးနှင့် မျက်နှာကို ဟန် သတိထားမိသွားသည်မှာ မဆန်းပါ။

"မဟုတ်ပါဘူး။ ဒါ မနေ့ညက မတော်တဆဖြစ်ထားတာမို့ နည်းနည်းယောင်နေတာ။ သူတို့နဲ့ မဆိုင်ပါဘူး"

"အာ...ကောင်းပြီ။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်နော်။ မင်းလေးက နူးနူးညံ့ညံ့လေးရယ်။ အပွန်းပဲ့ခံလို့ မရဘူး ကြားလား။ လာ...အတန်းထဲ ဝင်ရအောင်"

စာသင်ချိန်တွေ မည်သို့မည်ပုံကုန်ဆုံးသွားသည် မသိလိုက်ပါ။ ဘာလို့ဆို အတန်းထဲမယ် ဆူညံနေပြီး အရှေ့က ဆရာကလည်း သင်ချင်တာသင်။ အနောက်က ကျောင်းသားတွေကလည်း လုပ်ချင်တာ လုပ်နေသည်မို့။

ဖီးလစ်ထိုင်နေသည့် အရှေ့က ထိုင်ခုံကတော့ လွတ်နေပေမယ့် ဖီးလစ်ရဲ့ ဘေးက မလွတ်နေတဲ့ ထိုင်ခုံမှာတော့ ဟန်ဂျီဆောင်းရှိနေပြီး စာသင်ချိန်တစ်ချိန်လုံး ဇတ်ကြီးစောင်းလို့ သူ့ကိုကြည့်လိုက် ပြုံးလိုက် ရယ်လိုက်နှင့်။

မုန့်စားဆင်းချိန်ရောက်တော့ အီအန်လေးက အခန်းဝအထိ အပြေးလာပြီး ဟန်နှင့်သူ့အား လာခေါ်သည်။
အဲသည့်တော့မှ သိလိုက်ရသည်က ဟန်နှင့် အီအန်က အိမ်နီးချင်းတွေ ဖြစ်နေခဲ့သည်ဆိုတာ။
_____________________________

ကံကောင်းထောက်မစွာပဲ သူ ကျောင်းဆင်းဆင်းချင်း အလုပ်သွားရှာတာ မထင်မှတ်ထားပဲ အဆင်ပြေသွားခဲ့သည်။

စားသောက်ဆိုင်စားပွဲထိုးအလုပ်က အတွေ့အကြုံရှိဖူးသည့် ဖီးလစ်အတွက်တော့ သိပ်မခက်ခဲလှပေ။ ည 7 နာရီလောက်ကျရင် ဟန်က လာခေါ်မည်ပြောထားတာမို့ အိမ်လိပ်စာရယ်လို့ မရှိသေးတဲ့သူက ဆိုင်လိပ်စာကိုသာ လှမ်းပြောထားလိုက်သည်။

"ကြိုဆိုပါတယ်။ ဘာများ သုံးဆောင်..."

"ယုံဘို့...မင်းလား"

"အ...အဖေ"

အရက်စော်တွေနံဟောင်နေသည့် အဖေ့ပုံစံမှာ အရင်ကအတိုင်း နည်းနည်းမှ မပြောင်းလဲသွားခဲ့ပါ။ အခုလည်း ဆိုဂျူတစ်ပုလင်းနဲ့ နှစ်ယောက်သား ထိုင်နေဖြစ်ကြပြီး...။

HyunLix | Can you STAY 4ever?Where stories live. Discover now