Unicode
"ယုံဘို့!"
ဘန်ချန်းတစ်ယောက် အအေးခန်းဂိုထောင်ကြီးထဲ၌ ခွေခွေလေးလဲနေသူအား ပြေးပွေ့လိုက်သည်။ တစ်ကိုယ်လုံးက ရေခဲရိုက်ထားသလို တောင့်ခဲနေခဲ့ပြီး တုန့်ပြန်မှုဟူသည်မရှိ။ လက်နှစ်ဖက်အား တင်းကြပ်စွာ ချည်နှောင်ခံထားရသည်မို့ ကြိုးအား ဖြေကြည့်သော်လည်း ခဲတောင့်နေသည့်အတွက် ဖြေမရပေ။ ထို့ကြောင့် အမြဲဆောင်ထားလေ့ရှိသည့် ဓားမြှောင်လေးအား ထုတ်လို့ ကြိုးကိုဖြတ်ထုတ်လိုက်ကာမှ ဖီးလစ်၏ လက်နုနုဟာ လွတ်လပ်သွားရတော့သည်။ လက်ကောက်ဝတ်များပင် နီရဲလျက်ကျန်ခဲ့သည်။ မျက်စိရှေ့က ကလေးငယ်ရဲ့ ပုံစံက မိမိရင်အား အစိမ်းလိုက်ခွဲနေသလိုပင်။
ဘန်ချန်း မိမိရင်ခွင်ထဲက အားနည်းနေသည့်ကောင်လေးအား ပွေ့ဖက်ထားရင်း မျက်ရည်ကျမိသည်။ သူသာ ဒီကို ခေါ်မလာခဲ့ရင် ဒီလိုတွေဖြစ်လာမှာမှမဟုတ်ပဲ။
ထိုစဉ်အပြင်ဘက်က ပေါက်ကွဲသံအကျယ်ကြီးက သူတို့ နားများကို အူထွက်သွားစေ၏။ အတူပါလာသည့် ဝန်ထမ်းကောင်လေးတစ်ယောက်က သွေးရူးသွေးတန်းနှင့် ကြောက်လန့်စွာ အော်ပြောလာသည်။
"မီး... မီးတွေ လောင်နေပြီ!"
ဘန်ချန်းတစ်ယောက် ဖီးလစ်၏ ဒူးခေါင်းအောက် လက်လျှိုလို့ ခါးကိုလည်း ပွေ့ပိုက်ရင်း ချီမလိုက်တော့သည်။ ပြီးနောက် အပြင်သို့ အမြန်ပြေးထွက်သွားကြည့်တော့ မြင်လိုက်ရသည်က မီးဟုန်းဟုန်းတောက်နေသည့် စားသောက်ဆိုင်ကြီး။ သူတို့ကတော့ မီးလောင်နေသည့် နေရာနှင့် အတော်လေးဝေးနေသည်မို့ အန္တရာယ်မရှိသေးပေ။
ဟျွန်းဂျင်းနှင့် ဟန်တို့ ရောက်လာတော့ စားသောက်ဆိုင်အား မီးငြှိမ်းသက်နေကြသည့် မီးသတ်သမားများက အထဲသို့ဝင်ခွင့် မပေး။
"ခင်ဗျားတို့ နားမလည်ဘူးလား။ အထဲမှာ လူတွေရှိသေးတယ်လေ။ ဝင်ကယ်ရမှာပေါ့!"
အော်ဟစ်သောင်းကျန်းနေသော ဟျွန်းဂျင်းအား မီးသတ်သမားနှစ်ယောက်အပြင် ဟန်ကပါ ဝိုင်းဆွဲထားရ၏။
"ကျွန်တော်တို့ အတတ်နိုင်ဆုံး ကယ်ထုတ်နေပါတယ်။ လူကြီးမင်းတို့ ဒီလိုအော်ဟစ်သောင်းကျန်းနေတာက အကူညီမရပါဘူး။ နေရာမှာပဲ ငြိမ်ငြိမ်နေပေးပါ။ ကျွန်တော်တို့အလုပ်ကို အနှောက်ယှက်မပေးပါနဲ့"
YOU ARE READING
HyunLix | Can you STAY 4ever?
Fanfiction"ဆက်ဆံရေးတစ်ခုကို ဘယ်တော့မှ နာမည်မတပ်နဲ့။ မဟုတ်ရင် ရုန်းမထွက်နိုင်ပဲ နေမယ်" "ရုန်းထွက်ဖို့ရော လိုသေးလို့လား" [Lix x SKZ] [Hyunlix | Minsung Myanmar Fiction] This is just fanfiction, so don't take the contents used in this fiction too seriously ~ I h...